Paul Walker ဟာဆိုရင် Hollywood အကျော်အမော်မင်းသားတစ်ယောက်ဖြစ်ပြီး November 2013 မှာစိတ်မကောင်းစွာပဲ ကွယ်လွန်ခဲ့ရပါတယ်။ သူသေဆုံးခဲ့တဲ့အချိန်မှာ သူ့အသက်ဟာ ၄၀ပဲ၇ှိပါသေးတယ်။ သူဟာ Hollywood လောကထဲကို 1986 မှာစတင်ဝင်ရောက်ခဲပါတယ်။ 2001 မှာဆိုရင်တော့ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရုပ်ရှင်ကားဖြစ်တဲ့ "The Fast And The Furious" ဆိုတဲ့ကားမှာ Brian O’Conner အဖြစ် ပါဝင်သရုပ်ဆောက်ခဲ့ပါတယ်။ အဲ့ကားနဲ့ပဲ သူဟာလူသိများလာခဲ့ပြီး ရှုပ်ရှင်ကားဟာဆိုရင်လဲ အောင်မြင်ခဲ့ပါတယ်။ထိုကားအောင်မြင်တော့ 2003 မှာ Part 2 ထွက်ခဲ့ပါတယ်။ 

ယင်းကားမှာလည်း Paul Walker ဟာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ကားလည်းအောင်မြင်ခဲ့ပြီး The Fast And The Furious အတွက် "Turbo Charged" ဆိုတဲ့ နာမည်နဲ့ Short Film ကို 2003 မှာပဲထွက်ရှိခဲ့ပါတယ်။ ကြာချိန်ကတော့ ၆မိနစ်ပါပဲ။ ဆက်လက်ပြီးတော့ The Fast And The Furious 3ကားမြောက်ဖြစ်တဲ့ "Tokyo Drift" ကို 2006 မှာထွက်ရှိခဲ့ပါတယ်။ ထိုကားမှာတော့ Paul Walker ဟာ မပါဝင်ခဲ့ပါဘူး။ နောက်မှာတော့ "Fast & Furious"ဆိုတဲ့ နာမည်နဲ့ The Fast And The Furious 4ကားမြောက်ကို 2009မှာ ထွက်ရှိခဲ့ပါတယ်။ထို့အပြင် Short Film ကို "Los Bandoleros" နာမည်နဲ့ 2009 မှာပဲထွက်ရှိခဲ့ပါတယ်။ကြာချိန်ကတော့ မိနစ် ၂၀ပါ။ ထို့နောက်မှာတော့ "Fast Five"(2011),"Fast & Furious 6"(2013),"Furious 7"(2015) တို့ထွက်ရှိခဲ့ပါတယ်။  

စိတ်မကောင်းစွာပဲ Paul ဟာ "Furious 7"ကိုရိုက်ကူးနေစဉ်အတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားခဲ့တဲ့အတွက် ဇာတ်လမ်းရော ဇာတ်ညွှန်းကိုပါ ပြောင်းလဲလိုက်ရပြီး နောက်ဆုံးခန်းမှာတော့ သူ့ညီဖြစ်သူ Cody Walker ကဝင်ရောက်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ 8 ကားမြောက်ဖြစ်တဲ့ "The Fate Of The Furious"ကို 2017 မှာထွက်ရှိခဲ့ပါတယ်။ Paul Walker အစပြုခဲ့တဲ့ "The Fast And The Furious" ဟာယနေ့တိုင် လူကြိုက်များနေပါတယ်။ Paul သာရှိခဲ့ရင် ဂုဏ်ယူနေမယ်လို့ထင်မိပါတယ်။ ခုဆိုရင်လဲ "The Fast And The Furious" ကိုရိုက်ကူးလျက်ရှိပြီး Official Trailer လေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Source : Us Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။