ယွန်းယွန်းဆိုတဲ့ချစ်ဖို့အရမ်းကောင်းတဲ့ သရုပ်ဆောင်ကောင်မလေးကတော့ ဟိုးငယ်ငယ် ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေအရမ်းကိုချစ် အရမ်းကိုအသည်းယားခဲ့ရတဲ့ သူလေးပဲဖြစ်ပါတယ်။ ငယ်ငယ်က ယွန်းယွန်းလေးငိုပြီဆိုတာနဲ့ လိုက်ငိုတဲ့ပရိတ်သတ်တွေနဲ့ အနည်းဆုံးမျက်ရည်ဝဲတဲ့ပရိတ်သတ်တွေဆိုတာ ရှိခဲ့ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းကအိုက်တင်အရမ်းကောင်းခဲ့တဲ့ သူမကတော့ ပရိတ်သတ်ကြီးရဲ့မျက်စိရှိမှာတွင် အပျိုအရွယ်ကောင်မလေးအဖြစ်ကိုပြောင်းလဲခဲ့ပါပြီနော်။

အခုဆိုရင် ရုပ်ရှင်တွေ ကြော်ငြာတွေ ဗီဒီယို ဖျော်ဖြေရေးတွေ စတာတွေကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီး အချိန်ရရင်ရသလို ဓာတ်ပုံမော်ဒယ်လည်းလုပ်နေခဲ့ပါတယ်။ အင်္ဂလိပ်စာကိုလည်းဝါသနာပါတဲ့သူမဟာ နာမည်ကြီး Wall Street English Centerမှာ အချိန်ရတိုင်း အင်္ဂလိပ်စာလေ့လာဖြစ်နေကြောင်းကိုလည်းပြောပြထားတာတွေ့ရပါတယ်။

လတ်တလောမှာတော့ သူမအခုရောက်နေတဲ့ ပြင်နေတဲ့ပြင်ဦးလွင် ရဲ့အလှအပတွေကြားမှာဆောင်းတွင်းလေးနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းလေးတွေ ဝတ်ဆင်ကာ အလှပုံရိပ်လေးတွေကို ဓာတ်ပုံဆရာ ဇင်မင်းနဲ့အတူ ဖန်တီးထားပါတယ်။ ဒီပုံရိပ်လေးတွေထဲကတော့ အချို့ကိုတော့ သူမကိုချစ်တဲ့ သူမရဲ့ အမာခံပရိတ်သတ်ကြီးအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတစ်ဆင့်တင်ထားပေးခဲ့ပြန်ပါတယ် ပရိတ်သတ်ကြီးရေ....

Source : Yoon Yoon

Photo crd: Zin Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။