ပရိတ်သတ်ကြီးရေ... ပရဟိတလုပ်ငန်းတွေကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး တက်တက်ကြွကြွပါဝင် ကုသိုလ်ယူတတ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ခိုင်နှင်းဝေကို ပရိတ်သတ်ကြီးလည်းသိမယ်ထင်ပါတယ်နော်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပညာပေးဇာတ်လမ်းတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်တွေဟာ ယနေ့အချိန်ထိ အသိပညာဗဟုသုတပေးလျက်ရှိပါတယ်နော်။

သရုပ်ဆောင်ဘက်မှာလည်း အနုပညာရှင်တွေကော ပရိတ်သတ်တွေကကောပေးထားတဲ့ နေရာတစ်နေရာကိုခိုင်ခိုင်မာမာနဲ့ ရရှိထားပြီး ဖြူစင်တဲ့စိတ်ထားနဲ့ ပရဟိတလုပ်ငန်းတွေကိုရှေ့ဆုံးကနေ လုပ်ဆောင်တတ်မှုကြောင့် ပြည်သူလူထုကပါလေးစားချစ်ခင်နေရတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အကယ်ဒမီရန်အောင်နဲ့တွက်ဖက်ပြီး ဇာတ်လမ်းရိုက်ကူးနေပါတယ်။ 

သူမဟာ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှုအထိမ်အမှတ်အနေနဲ့ ကျင်းပခဲ့တဲ့ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေကိုယ်စားတရားသောဥပဒေနဲ့ စီရင်မှု ကာကွယ်ပေးမှု တွေအတွက်ရည်ရွယ်ပြီး ၁၆ရက်တာ အကြမ်းဖက်မှုပပျောက်ရေး လှုံ့ဆော်မှုအထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တဲ့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ ပရဟိတမလေး ခိုင်နှင်းဝေကတော့ မြန်မာအမျိုးသမီးတွေဘက်ကနေ ရပ်တည်ကာကွယ်ပေးဖို့ အသင့်ဖြစ်လို့နေပါတယ်နော် ပရိတ်သတ်ကြီးရေ.... 

Source : Khine Hnin  Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။