ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ အင်တာနက်မှာနာမည်ကြီးခဲ့တဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းပြီးမှ မီလျံနာနဲ့အိမ်ထောင်ကျခဲ့တဲ့အပြာမင်းသမီးသတင်းတစ်ပုဒ်ကို မှတ်မိကြဦးမှာပါ။ ဒီတစ်ခေါက်မှာတော့ အဆိုပါအပြာမင်းသမီးဟောင်းဖြစ်သူကနေ ခင်ပွန်းဖြစ်သူကို ကွာရှင်းဖို့လုပ်နေပြီ အတူမနေတော့ဘူးဆိုတဲ့အကြောင်း သတင်းရင်းမြစ်တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်၃၁နှစ်အရွယ်ရှိ Nong Natဆိုသူ ထိုင်းအပြာမင်းသမီးဟောင်းဟာ အပြာရုပ်ရှင်လောကကို စွန့်လွှတ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်ပြောင်းပြီးမှ အသက်ရ၂နှစ်အရွယ်ရှိ မီလျံနာသူဌေးကြီးဖြစ်သူ Harold နဲ့တွေ့ဆုံလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Nong Nat ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ Haroldနဲ့အတူမနေနိုင်တော့တဲ့အကြောင်း ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Nat ဟာ ကွာရှင်းရတဲ့အဓိကအကြောင်းအရင်းကိုဖော်ထုတ်မပြောကြားခဲ့ပေမယ့် သူမဟာ Haroldနဲ့ အတူနေရမှာတောင်ကြောက်နေပြီး အတူနေစဉ်အချိန်အတွင်း Haroldအနေနဲ့ နှလုံးရောဂါဖောက်လာမှာကိုတောင် ကြောက်နေရတယ်လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Natဟာ အသက်ကြီးကြီးမီလျံနာတစ်ယောက်ရဲ့ဇနီးဖြစ်ရတာ ထင်သလောက်မလွယ်ကူကြောင်းပြောကြားခဲ့ပြီး Haroldဟာ သူမနဲ့မကွာရှင်းချင်ဘူးရယ်လို့ဆိုခဲ့ပါတယ်။ Nat အနေနဲ့ လက်ရှိမှာ ရင်သားပြုပြင်ခွဲစိတ်မှုလုပ်ပြီးနောက် အပြာရုပ်ရှင်ထပ်ရိုက်တော့မှာမဟုတ်ဘဲ ဓာတ်ပုံမဂ္ဂဇင်းတွေအတွက်ပဲရိုက်ကူးပေးဖို့ အပြာလောကကိုထပ်မံဝင်ရောက်လာမှာဖြစ်တယ်လို့ အတိအလင်းပြောကြားခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။