လက်ရှိဖွံ့ဖြိုးလာတဲ့ ခေတ်စနစ်တွေနဲ့အတူ တားဆီးပိတ်ပင်ထားတဲ့ ဘာသာနဲ့ လူမျိုးကွဲတွေရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားသိနေတဲ့အတိုင်း နေ့စဉ်တွေ့မြင်နေကြမယ်ထင်ပါတယ်။ မတူညီတဲ့လူမျိုးတွေဖြစ်ပေမယ့်လည်း အချစ်စစ်ရဲ့ အင်အားတွေနဲ့ ဘဝကိုရဲရဲဝင့်ဝင့်လျှောက်လှမ်းခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ကြည်နူးစရာမင်္ဂလာပွဲလေးတွေထဲမှာ ကရင်လူမျိုးနဲ့ နိုင်ငံခြားသူလေးတို့ရဲ့ မင်္ဂလာပွဲတစ်ခုကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ မင်္ဂလာပွဲလေးကတော့ ကရင်လူမျိုး သတိုးသား Saw Naing နှင့် သတိုးသမီးကတော့ နိုင်ငံခြားသူတစ်ဦးဖြစ်ပြီး ကရင်နာမည် Naw Anna ဟူ၍ ခေါ်ဝေါ်ကြကြောင်း သိရပါတယ်။ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းတဲ့အလှတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကြားမှာတော့ ရေပန်းစားတဲ့ မင်္ဂလာပွဲတစ်ပွဲလည်းဖြစ်နေတာတွေ့ရပါတယ်။  

ကြည်နူးစရာမင်္ဂလာပွဲလေးတစ်ခုဖြစ်ပြီး ပြည်တွင်းပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ မင်္ဂလာပွဲလေးပဲဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ခေါက်ထားကာ မိမိယုံကြည်ချက်နဲ့ အချစ်ကိုရှာဖွေတွေ့ရှိခဲ့ကြတဲ့ အဆိုပါ မင်္ဂလာပွဲမှ သတိုးသား ၊ သတိုးသမီးတို့ရဲ့ ပုံရိပ်လေးတွေကို ပြသရင်း ချစ်ပရိသတ်တွေလည်း အချစ်စစ်ကို ရှာဖွေတွေ့ရှိနိုင်ပါစေနော်....။

Photos - Yan Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။