အဆိုမလေးအေသင် ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့အခွေနဲ့ ပရိတ်သတ်တွေအခိုင်အမာရရှိခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ လမ်းမခွဲကြေး လေပြေ စတဲ့သီချင်းတွေဟာ ဘယ်အချိန်နားထောင်ထောင် ရိုးမသွားသလို အခုထက်ထိလည်း ပရိတ်သတ်တွေကြိုက်ဆဲသီချင်းလေးတွေပဲဖြစ်ပါတယ်။ အရမ်းကိုအသံကောင်းပြီး ချစ်ဖို့ကောင်းတာကြောင့် အေသင် အေသင်ဆိုပြီ အနုပညာလောကမှာရေပန်းစား နာမည်ကြီးခဲ့ပါတယ်နော်။

သူမဟာ ခဏတာ အဆိုတော်လောကကေနေ ပျောက်သွားပြီးနောက်မှာ ပရိတ်သတ်တွေအံ့သြသွားစေနိုင်တဲ့ပုံစံမျိုးနဲ့ ပရိတ်သတ်တွေရှေ့ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ အေသင်ဟာ ချစ်ဖို့ကောင်းတဲ့ သမီးလေး Ivyကိုပါ ပရိတ်သတ်တွေရှေ့ကိုချပြခဲ့ပြီး သူမဟာ တကျော့ပြန်အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။ သူမရဲ့ သမီးလေးကလည်း အမေတူသမီးလေးပီပီလိမ္မာလွန်းတာကြောင့်ပရိတ်သတ်တွေ စုပုံပြီးချစ်နေရပါတယ်နော်။

ဒါပေမယ့် Myanmarload ကနေ အင်တာဗျူးခဲ့တဲ့ အခါမှာတော့ အေသင်ဟာ သူမသမီးလေးကို အဆိုတော်တစ်ယောက်မဖြစ်စေချင်ကြောင်း lvyလေးရဲ့ ဘေးကနေ ညီအမလိုတမျိုး သူငယ်ချင်းလိုတမျိုးပြုစုပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားသွားခဲ့ပါတယ်။သူမဟာ single motherဖြစ်ပေမယ့်လည်း အဖေ အမေ နှစ်ယောက်စလုံးစာအချစ်တွေနဲ့ ဂရုစိုက်မှုတွေကိုlvyလေးကိုပေးနေခဲ့ပါတယ်။ ကဲ... ပရိတ်သတ်ကြီးရေ သူမပြောပြခဲ့တဲ့သူမသမီးလေးနဲ့ ပတ်သတ်တဲ့အကြောင်းလေးတွေကို ပရိတ်သတ်ကြီးအသေးစိတ်သိရအောင် အင်တာဗျူး ဗီဒီယိုလေးနဲ့တကွပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။