နေစဉ်ကြားသိနေရတဲ့ လူသတ်မှုတွေထဲမှာ ဆိုးဆိုးရွားရွားနဲ့ ဆုံးရှုံးမှုများပြားခဲ့တဲ့ လူသတ်မှုတစ်ခုကတော့ မကြာသေးမီကဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ လူသတ်မှုကတော့ မော်လမြိုင်မြို့ရှိ ခွေးဂေဟာတည်ထောင်သူတစ်ဦးရဲ့ အသတ်ခံရမှုသတင်းပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာသတင်းတစ်ခုဖြစ်ပြီး လမ်းဘေးခွေးများစွာနှင့်အတူ တိရစ္ဆာန်ချစ်တက်သူတစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ အသတ်ခံရသူကတော့ ဦးကြည်မိုးချစ်အမည်ရပြီး မုဒုံမြို့နယ် တာပသွန်ကျေးရွာရှိ သူ့ရဲ့ကိုယ်ပိုင်ခွေးဂေဟာမှာပဲသေဆုံးခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ သေဆုံးမှုကတော့ ပုဆိန်နဲ့ခုတ် တုတ်နဲ့ ရိုက်သတ်တာဖြစ်ကြောင် းတာဝန်ရှိရဲတပ်ဖွဲ့ဝင်များ စစ်ဆေးမှုသတင်းများအရသိရှိရပါတယ်။  

လက်ရှိ သေဆုံးသူ ဦးကြည်မိုးချစ်၏ DB ကို တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ စစ်ဆေးပြီးနောက်မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့မှ မုဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ မိတ်ဖက် ဖားအောက်အဖွဲ့မှလည်း လာရောက်ပူးပေါင်း ကူညီပေးခဲ့လျှက်ရှိပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် အမြန်ဆုံးရှာဖွေလျှက်ရှိကြောင်းသိရပါတယ်။ စိတ်မကောင်းစရာသတင်းတစ်ခုဖြစ်သလို လက်ရှိသူ့ရဲ့ခွေးဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေးတွေကတော့ ၃၀၀ ကျော်ရှိကြောင်း သိရပါတယ်။

PHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။