လာမဲ့တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားကြမယ် Premier League ပွဲစဉ်ဖြစ်တဲ့ Liverpool နဲ့ Man U ပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ တကယ့်ကို Super Sunday ပါဗျာ။ Liverpool ဟာဆိုရင် Premier League ရဲ့ ထိပ်ဆုံးမှာ 42 မှတ်နဲ့ရပ်တည်နေပြီး Man U အသင်းကတော့ 26 မှတ်နဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။

Liverpool အသင်းဟာ ၁၆ပွဲကစား ၁၃ပွဲနိုင် ၃ပွဲသရေ ရှံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပြီး သွင်းဂိုး၃၄ဂိုးနဲ့ပေးဂိုး၆ဂိုးရှိကာ Manchester United အသင်းကတော့ ၁၆ပွဲကစား ၇ပွဲနိုင် ၅ပွဲသရေ နဲ့ ရှုံူးပွဲ၄ပွဲ ရှိပြီး သွင်းဂိုး၂၈ဂိုးနဲ့ပေးဂိုး၂၆ဂိုးရှိပါတယ်။ သူတို့ရမှတ်ဟာ ၁၆မှတ်တောင်ကွာနေပါတယ်။Man Uကတော့အစဉ်အလာပျက်နေပါပြီ။ 

Liverpool နည်းပြ Jurgen Klopp ကခုပွဲကို ဘယ်လိုအကွက် ကစားသမားစာရင်းနဲ့ ဘယ်လိုပြင်ဆင်လာခဲ့မလဲ။ ထို့အတူ Man U နည်းပြ Jose Mourinho ကရော ဘယ်လိုပုံစံကစားကွက်နဲ့ ပွဲထွက်ကစားမလဲ။ ပထမအကျော့မှာတော့ ၄ဂိုး၁ဂိုးနဲ့ Liverpool က Man Uအိမ်ကွင်းမှာအနိုင်ယူခဲ့ပါတယ်။ ဒုတိယအကျော့မှာရော Liverpool က Man U ကို အိမ်ကွင်းမှာ အနိုင်ကန်မှာလား Man U က Liverpool အိမ်ကွင်းမှာ အနိုင်ကန်မှာလား......။

Source : Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။