ရင်ချင်းဆက်အမြွှာကလေးနှစ်ယောက် ခွဲစိတ်မှုအောင်မြင်

ရင်ချင်းဆက်အမြွှာကလေးနှစ်ယောက်ကို လွန်ခဲ့တဲ့ ၁၈ လကတည်းက ၂၆ နာရီကျော်ကြာမြင့်တဲ့ ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေကို Houston ဆေးရုံမှ ဆရာဝန်တွေနဲ့ ခွဲစိတ်ခဲ့ပါတယ်။ ၂၀၁၄ April လမှာမွေးဖွားခဲ့တာဖြစ်ပြီး ၁၀ လအကြာမှာ ခွဲစိတ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်က ရင်ချင်းဆက်နေတဲ့အပြင် အဆုတ်၊ နှလုံး lining, အသည်း၊အူ အစရှိတဲ့ ကိုယ်တွင်း အင်္ဂါတွေပါ ဆက်နေတာ ဖြစ်ပါတယ်။

ခက်ခဲတဲ့ ခွဲစိတ်မှုတစ်ခုဖြစ်ခဲ့ပြီး အရင်တုန်းက မအောင်မြင်ခဲ့ပါဘူး။ ဆရာဝန် ၂၆ ယောက်ကျော်ပါတဲ့ အသင်းနဲ့ ခွဲစိတ်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ၂ယောက်လုံး သက်သာလာပြီ ဖြစ်ပါတယ်။ တစ်ယောက်ဆို လမ်းလျှောက်နိုင် ပြေးနိုင်ပြီး ကိရိယာတွေလည်း တပ်ဆင်ထားစရာမလိုတော့ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။