ပရိတ်သတ်ကြီးရေ...လူတစ်ယောက်အတွက် အသားအရေ ကျန်းမာနေဖို့ဆိုတာ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ များသောအားဖြစ် အမျိုးသမီးတွေက သူတို့ရဲ့ အသားအရေနဲ့ပတ်သတ်ပြီး အမျိုးသားတွေထက်ပိုပြီး ဂရုစိုက်တတ်ကြပါတယ်။ ဒါက မှားယွင်းတဲ့ အတွေးပါနော် အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်ဖို့ တကယ့်ကို လိုအပ်တယ်ဆို သိပြီးကြပြီလား..။ ယခုဆိုရင် လူတော်တော်များများနှစ်သက်ကြတဲ့ အေးမြတဲ့ ဆောင်းရာသီကို ရောက်ရှိလာပြီဖြစ်ပါတယ်။ လေနုအေးလေးနဲ့ အေးမြတဲ့ ဆောင်းရဲ့ အအေးဓာတ်လေးက စိတ်ကြည်နူးစရာကောင်းပေမဲ့ အသားအရေ အတွက်ကတော့ တကယ့်ကို အန္တရာယ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။

ဆောင်းရာသီမှာဆိုရင် များသောအားဖြင့် အသားအရေတွေခြောက်သွေ့ပျက်စီးမှုတွေကို လူတိုင်းနည်းပါးကြုံတွေခံစား ရနိုင်ပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဂရုမစိုက်မိတာနဲ့ အလှတွေကို ပျက်သွားစေနိုင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ ကဲ...ဒီအတွက်တော့ဘာမှစိတ်ပူနေစရာ မလိုတော့ပါဘူးနော်။ အမျိုးသမီးလေးတွေကြောက်နေကြတဲ့ ဆောင်းရာသီမှာ ဘယ်လို ရင်ဆိုင်ပြီး အသားအရေလေးကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ အောက်မှာပြောပြထားပါတယ်နော်။


(၁) ဆောင်းလေးက ပရိတ်သတ်တွေ သိတဲ့ အတိုင်းစိမ့်နေအောင်အေးတာကြောင့် အဝတ်အစားရွေးတဲ့ အခါမှာ အရမ်းကို အရေးကြီးပါတယ်။ နူးညံ့တဲ့ အသားလေးတွေနဲ့ ချုပ်ထားတဲ့ အနွေးထည်မျိုးဆိုရင် ပိုပြီးတော့ ရွေးချယ်သင့်ပါတယ်။ ဥပမာပြောရရင်တော့ ဂွမ်းသားနဲ့ ချုပ်ထားတဲ့ အနွေးထည်တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါကလည်း အသားအရေ ထိန်းသိမ်းတဲ့ နေရာမှာ လိုအပ်တဲ့ အချက်တစ်ခုပါပဲ။

(၂)ဒါကတော့ ပြောစရာတောင် မလိုလောက်ဘူးထင်တယ်နော်။ ဒါပေမဲ့လည်း ဆောင်းရာသီကြီးလည်း ရေချိုး အများကြီးချိုးတဲ့သူတွေရှိနေပါတယ်နော်။ ဒါဆိုရင် အသားအရေလှဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးနော်။ အေးစက်နေတဲ့ ရေနဲ့ ချိုးတဲ့ အတွက်ကြောင့် အသားအရေကို ပိုပြီး အက်ကွဲပျက်စီးစေနိုင်တာကြောင့် တနေ့ကို တစ်ခါ လောက် ရေနွေးလေးနဲ့ စပ်ပြီး ချိုးပေးဖို့လိုအပ်ပါတယ်။

(၃) ဆောင်းရာသီမှာ အသားအရေအတွက်နောက်ထပ် ဂရုစိုက်ဖို့လိုတာက ဆပ်ပြာပဲ ဖြစ်ပါတယ်။ ဆပ်ပြာကို နဂိုထက်ပိုပြီး အစိုဓာတ်မြင့်မားစွာပါဝင်တဲ့ ဆပ်ပြာတွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ ဒါမှ ချောမွေ့နေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါနော်။

(၄) နောက်တစ်ချက်ကတော့ ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ အေးအေးနဲ့ အိပ်ယာထဲမှာ ကွေးနေဖို့မစဉ်းစားပါနဲ့တော့နော်။ မနက်စောစောထပြီး သွေးပူလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပြီး ဆောင်းတွင်းရဲ့ မနက်ခင်းနေရောင်ခြည်လေးနဲ့ ထိတွေ့ပေးရပါမယ်နော်။ ဒါကလည်း ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေတာကြောင့် အသားအရေခြောက်သွေ့တာကို ဟန့်တားပေးနိုင်ပါတယ်။

(၅) နောက်ဆုံးတစ်ချက်အနေနဲ့ အလုပ်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေမဖြစ်အောင် နေပေးဖို့ပါပဲ။ အားလပ်ရက်တွေကို အကောင်းဆုံးအသုံးချပြီး အားကစားတွေက တရားထိုင်တာတွေကို လုပ်ပေးရုံနဲ့လည်း အသားအရေးကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။

အေးမြတဲ့ ဆောင်းတွင်း ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းပေးလိုက်ပါတယ် ပရိတ်သတ်ကြီးရေ..။

Source:www.alyaka.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။