တချို့တချို့သော လူတွေဟာ ထူးခြားချက်တွေနဲ့အတူ လူ့လောကထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။ တခါမှမမြင်ဖူးသေးတဲ့ ထူးဆန်းမှုတွေကိုပါသယ်ဆောင်လာတတ်ကြပါတယ်။ ဒီတစ်ယောက်ကတော့ အသက်(၁၂)အရွယ်သာရှိသေးတဲ့ Tarik လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမွေးဖွားလာစဉ်ကတည်းက လက်တွေဟာသာမာန်လူတွေထက်ကိုကြီးပြီးမွေးဖွားလာခဲ့ပါတယ်။ အရွယ်ရောက်လာတာနဲ့အမျှ လက်ရဲ့ပမာဏဟာလည်း တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်။

ဒီသတင်းဟာ မီဒီယာတွေခေတ်ထလာတဲ့အချိန်မှာ တောမီးပမာပျံ့နှံ့သွားခဲ့ပါတယ်။ သူရဲ့ နေထိုင်မှုပုံစံ ဗီဒီယိုတွေကိုလည်း မီဒီယာတွေကရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါတယ်။ Tarikရဲ့ လက်အကြောင်းကို စိတ်ဝင်စားလို့သူ့ကို ကမ္ဘာအနှံ့ကဆေးပညာရှင် သုတေသီတွေက ဖိတ်ကြားပြီးလေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုလို social networkခေတ်စားလာတဲ့အချိန်မှာတော့ သူ့ရဲ့ ဗီဒီယိုဟာ onlineပေါ်မှာအရမ်းရေပန်းစားပြီးလူကြည့်များခဲ့ပါတယ်။ 

Tarikအတွက်ကတော့ " ဒါကို ဒုက္ခလို့တွေးမနေတော့ပေမယ့် ကိုယ့်အင်္ကျ ီ ကိုယ်ဝတ်တဲ့အခါ လျော်တဲ့အခါတော့ ဘယ်စားသာမလဲဗျာ"ဆိုပြီးဟာသနှောပြီးဆိုထားပါတယ်။ အခုဆိုရင်သူ့မှာ ဖခင်မရှိတော့တဲ့အတွက် မိခင်နဲ့ သူ့အကိုနားမှာပဲနေပြီး ကြုံလာရတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါတယ်။ သူတို့မိသားစုဟာလည်း Tarikရဲ့လက်ကိုဆေးကုပေးနိုင်ဖို့လည်းပိုက်ဆံရှာ်နေလျက်ရှိပါတယ်။ ပရိတ်သတ်ကြီးလည်း Tarikတစ်ယောက်ကျန်းကျန်းမာမာနဲ့ သာမာန်လူတွေလို သာမာန်လက်လေးနှစ်ဖက်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါအုန်းနော်။

Source : Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။