မျက်မမြင် အကြားဆရာမဖြစ်တဲ့ Baba Vanga ဟာ သူမ သေဆုံးခါနီးမှာ ကမ္ဘာကြီးအတွက် စိတ်ထိခိုက်နိုင်မဲ့သတင်းကိုပါးခဲ့ပါတယ်။ သူမဟာ 31 January 1911 မှာမွေးဖွားခဲ့ပြီး သူမအသက် ၁၂မှာတော့ Accident တစ်ခုဖြစ်ပြီး သူမရဲ့အမြင်အာရုံကို ဆုံးရှုံးခဲ့ရပါတယ်။ အဲ့လိုဆုံးရှုံးသွားတဲ့အချိန်မှာပဲ သူမဟာ ပုံမှန်ထက်ထူးကဲတဲ့ အရာကိုသူပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်လိုအရာလဲဆိုတော့ ဖြစ်လာမဲ့ အနာဂါတ်ကို ကြိုတင်ပြောနိုင်တာပါပဲ။ 

လူသိများနိုင်မဲ့ကိစ္စကတော့ 9/11 ကိစ္စပဲဖြစ်ပြီး လူတော်တော်များများသိကြပါတယ်။ အဲ့နေ့မှာ New York's World Trade Center ဖြစ်တဲ့ Twin Towers ဟာ အပိုင်းစီးခံရတဲ့ လေယာဉ်နှစ်စီးဟာ ဝင်ရောက်တိုက်ခံခဲ့ပါတယ်။ 1989 မှာ Baba Vanga ဟာ သံမဏိနှစ်ကောင်ဟာ အမေရိကန်ကို ကြောက်မက်ဖွယ်တိုက်ခဲ့မယ်လို့ပြောခဲ့ပါတယ်။ ၁၁ရက်နေ့ ၉လပိုင်း ၂၀၀၁မှာ ထိုကိစ္စဟာဖြစ်ပေါ်လာခဲ့ပါတယ်။ သူဟာဟောကိန်းများစွာကိုပြောကြားခဲ့ပြီး သူဟောသမျှတွေက 85% လောက်ကမှန်ကန်နေပါတယ်။အခုဆိုရင်လဲသူမဟာ မသေဆုံမီ ဟောကိန်းများစွာထုတ်ခဲ့ပါတယ်။ 

၂၀၇၂နဲ့ ၂၀၈၆ ကြားမှာ လူမျိုးခွဲခြားချင်း မရှိတော့ပဲ လူမျိုးရေးဝါဒ အသစ်ပေါက်ပေါက်ကာ သဘာဝကြီးကိုအသစ်တစ်ဖန် ပြန်လည်တည်ဆောက်၊ များစွာသောဖြစ်ရပ်များက ၂၁၇၀ ကနေ ၂၂၅၆ ထိဖြစ်ပွား..အဲ့ထဲကမှ Mar ဂြိုလ်က ကမ္ဘာကိုနယ်ချဲ၊ ရေအောက်မြို့တော်ကိုတည်ထောင်၊ ရှာဖွေစူးစမ်းရင် ကြောက်စရာ အရာတွေနဲ့တွေ့ဆုံ စသဖြင့်..၊ ၂၂၆၂ နဲ့ ၂၃၀၄ မှာ အချိန်ခရီးသွားစက်ကိုတီထွင်၊ ၂၃၄၁ မှာတော့ လူတွေကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကပ်ဆိုက်....လူတွေဟာ နေထိုင်မှုပုံစံအသစ်ကို တွေ့ရှိတော့လဲ စစ်ပွဲများသာဖြစ်ရ၊ ၃၈၁၅ ကနေ ၃၈၇၈ ထိလူတွေဟာ အရိုင်းစိုင်အကောင်တွေဖြစ်ကာ အမှောင်ခောတ်ကို ပြန်လည်ရောက်ရှိ၊ ၄၃၀၂ ကနေ ၄၆၇၂ ထိ လူတွေဟာ မကောင်းတဲ့အမြင်အတွေးတွေအကုန်ကိုဖျောက်ကာ မသေမျိုးဘဝသို့ရောက်ရှိကာ ဂြိုလ်သားတွေနဲ့ပါ ဆက်သွယ်နိုင်လာပြီး ကမ္ဘာကြီးဟာ ၅၀၇၉ မှာ အဆုံးသတ်သွားပါတော့တယ်။ ဒီဟောကိန်းတွေကတော့သူဟောခဲ့တဲ့ ဟာတွေထဲက တစ်ချို့ပဲဖြစ်ပါတယ်။ 

Source : Mirror New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။