Sunscreen ဆိုတာ နေရောင်ကာလိမ်းဆေးတစ်ခုဖြစ်ပြီး နေလောင်ခြင်း၊ တို့ကိုထိရောက်စွာကာကွယ်ပေး ပါတယ်။ဒီလို နေရောင်ကာလိမ်းဆေးတွေ လိမ်းပေးထားခြင်းဖြင့် အသားမည်းခြင်း၊ မှဲ့ခြောက်တင်းတိပ် ဖြစ်ခြင်း တို့မှ ကာကွယ်ပေးပါတယ်။တစ်ချို့ကတော့ sunscreen ကိုဘယ်လိုမျိုးဘယ်လိုရာသီတွေမှာ လိမ်းထားရမယ် ဆိုတာကိုတော့ ဖော်ပြပေးမှာဖြစ်ပါတယ်။ 

Sunscreen မှာ SPF 30၊ SPF 15 တို့စသည်အစားစားရှိကြပြီး ခရမ်းလွန်ရောင်ခြည်ကို အတော်သင့်လောက် တော့ကာကွယ်ပေးနိုင်ပါတယ်။ SPF 30 ဆိုရင်တော့ နေရောင်ခြည်ကို 97 ရာခိုင်နှုန်းလောက်ထိကာကွယ်ပေး နိုင်ပါတယ်။SPF 50 ကတော့ 98 ရာခိုင်နှုန်းအထိကာကွယ်နိုင်ပါတယ်။လူတစ်ချို့ကတော့ ပြောကြပါတယ် ရာသီဥတုပူပြီး နွေရာသီမှ sunscreen လိမ်းရတယ်လို့ တစ်ကယ်တော့ မဟုတ်ပါဘူး ရာသီတိုင်းမှာ လိမ်းပေး ရင်ပိုကောင်းပါတယ်။ နေလောင်ခံရတဲ့ သူတွေဟာ အသားနီရဲပြီး နေလောင်ဒဏ်ရာကြောင့် အသားရည်တွေ ပျက်စီးစေပါတယ်။ 

အိမ်တွင်းမှာနေရင်လည်း sunscreen လိမ်းပေးထားရပါမယ်။ ဘယ်ကိုပဲသွားသွား လိမ်းထားရင် အကောင်း ဆုံးပေါ့။နေရောင်မထိ လို့လိမ်းစရာမလိုဘူးဆိုတာ မဟုတ်ပါဘူး ။အမျိုးသားရော အမျိုးသမီးပါ လိမ်းထားသင့် ပါတယ်နော်။နောက်ထပ် ဦးထုပ် မျက်မှန် ထီးစတဲ့ လူအသုံးဆောင် လေးတွေကို တစ်ပါတည်းယူဆောင်သွား ရင်ပိုကောင်းတာပေါ့။ ဒီလိုနေရောင်ကာကွယ်ဆေးလိမ်းပြီး ထီးလေးပါဆောင်ထားလိုက်တော့ ပိုပြီးစိတ်ချရတာ ပေါ့။ 

Source: HealthyGroceryGirl 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။