လတ်တလော ရက်ပိုင်းလေးမှာ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုစီရင်ချက်နဲ့ပတ်သတ်ပြီးတော့ မိုးအောင်ရင်ကိုချစ်တဲ့ပရိတ်သတ်တွေနဲ့ ဖခင်ဖြစ်သူ အောင်ရင်တို့ဟာ စိတ်မကောင်းဖြစ်ဝမ်းနည်းခဲ့ရပါတယ်။ သရုပ်ဆောင်မိုးအောင်ရင် ထောက်ဒဏ်ကျခံရမယ့်နှစ်ပေါင်းဟာ (၁၂)နှစ်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့လက ပုစွန်တောင်တရားရုံကချမှတ်ထားတဲ့ ထောင်ဒဏ် (၅)နှစ်နဲ့ပေါင်းရင် စုစုပေါင်းထောင် ဒဏ် (၁၇)နှစ်ကျခံရဖို့ရှိနေကြောင်း သိရပါတယ်။

ပရိတ်သတ်တွေကတော့ သရုပ်ဆောင်လည်း အရမ်းကောင်းပြီး အနုပညာလောကမှာလည်း ထူးထူးချွန်ချွန်နဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့တဲ့မိုးအောင်ရင်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ အဆိုတော် ဦးအောင်ရင်ဟာလည်း သားဖြစ်သူရဲ့ အဖြစ်ကို စိတ်မကောင်းဖြစ် ကြေကွဲရုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူး။ တစ်ဦးတည်းသော သားလည်းဖြစ်တဲ့အတွက်အရမ်းကို အချစ်ပိုခဲ့ရတာကြောင့် အောင်ရင်ဟာ သူထွက်ရှိခဲ့ တဲ့ "ဒီရက်ပိုင်း" ဆိုတဲ့ သီချင်းခွေထဲမှာတောင် သူ့သားမိုးအောင်ရင်အတွက် သီချင်းတစ်ပုဒ်ကိုသီဆိုခဲ့ပါသေးတယ်။

ဒီသီချင်းလေးရဲ့ နာမည်ကတော့ "အဖေ့စကား" ဆိုပြီးအမည်ပေးထားပါတယ်။ တေးရေးကတော့နာမည်ကြီး သီချင်းရေးဆရာ ညီမင်းခိုင်ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာ သူ့ရဲ့သားမိုးအောင်ရင်ကိုပြောချင်တဲ့စကားလေးတွေကိုထည့်ပြီးသီဆိုထားခဲ့ပါတယ်။ အဖေ့စကားဆိုတဲ့ ဖခင်ဖြစ်သူ အောင်ရင်ရဲ့သီချင်းလေး ဟာအခုရက်ပိုင်းမှာ ကြေကွဲဖွယ်ရာသီချင်းလေးအဖြစ် လူမှုကွန်ယက်ပေါ်မှာ ပျံ့နံ့လာခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ... ကြည့်ရှုနားဆင်သူတွေအရမ်းကိုများပြားခဲ့တဲ့ ဒီ သီချင်းလေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Ko Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။