တောင်ကိုရီယားအဆိုတော်အဖွဲ့ဖြစ်တဲ့ BTS Album ဟာဆိုရင် Histroic Grammy ဆု ကိုရရှိနိုင်ရန် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါပြီ။ သူတို့ဟာ Love Yourself ဆိုတဲ့ Album ကို ၃ပိုင်းထွက်ရှိထားပြီး ၎င်းတို့မှာ Love Yourself : Her, Love Yourself : Answer , Love Yourself : Tear တို့ပဲဖြစ်ထားပြီး ယင်း Albumတွေကြောင့် Historic Grammy ဆိုတဲ့ဆုကို အုပ်စိုးထားနိုင်တာပဲဖြစ်ပါတယ်။ BTS ဟာဆိုရင်လဲ မကြာသေခင်းကမှ "Idol" ဆိုတဲ့ သီချင်းကိုထွက်ရှိထားပြီး အဲ့သီချင်းကိုတော့ Version နှစ်မျိုးထွက်ရှိထားပါတယ်။

တစ်မျိုးကတော့ BTS အဖွဲပဲ သီးသန့်ဆိုထားတာဖြစ်ပြီး နောက်တစ်မျိုးကတော့ BTS အဖွဲ့နဲ့ Nicki Minaj တို့တွဲဆိုထားခြင်းပဲဖြစ်ပါတယ်။ MTV ကိုလည်းနှစ်မျိုးစလုံးအတွက် ထွက်ရှိလို့ထားပါတယ်။ ထို့အပြင် "Fake Love" ဆိုတဲ့သီချင်းဟာလည်း ခံစားနားထောင်လို့ကောင်းပါတယ်။ Kpop လောကဟာဆိုရင် မိန်းကလေးတွေအကြားမှာရေပန်းစားသည့်အပြင် ယောက်ျားလေးတွေကြားမှာလည်းရေပန်းစားပါတယ်။ 

BTS ရဲ့ Lead Rapper ဖြစ်တဲ့ Suga ဟာခုလိုမျိုးပဲပြောကြားသွားပါတယ်။" Kpop ဟာ Music သက်သက်ကြီးပဲမဟုတ်ပါဘူး အဝတ်အစား၊ Make Up နဲ့ ကကွက်ဖန်းတီးမှုတွေကို အတူတူပေါင်းကာ အမြင်နဲံအကြားအားရုံတို့ကိုနိုးကြွလာစေတဲ့ Music ဖြစ်လာတာပါ ဒါမှမဟုတ် အနုပညာ တစ်ခုခုဖြစ်လာပါတယ်" ဟုပြောကြားခဲ့ပါတယ်။ BTS အဖွဲ့ဟာ ယခုနှစ်မှာအရမ်းပျော်နေကြပါတယ်။ Love Yourself Series ဟာဆိုရင် Billboard 200 မှာ နံပါတ် ၁ချိတ်ပါတယ်။

Source : MTV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။