ပရိတ်သတ်တွေရဲ့ အချစ်တော် ဖြစ်နေဆဲ ဖြစ်တဲ့ အေသင်ကတော့ သီချင်းသစ်တွေကို ဖန်တီးရင်း ပရိတတ်သတ်တွေရှေ့ကို ထပ်မံပေါ်ထွက်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ ယခင်ကတည်းက ပရိတ်သတ်အခိုင်အမာနဲ့ ဂီတလမ်းကြောင်းမှာ အောင်မြင်နေတဲ့ သူတစ်ဦးဖြစ်တာကြောင့် ယခုဆိုရင်တော့ single mother အဖြစ် ပရိတ်သတ်တွေအရှေ့ကို တစ်ဖန်ရောက်ရှိလာပြီး ချစ်စရာကောင်းတဲ့ သမီးလေး Ivyနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။


Single Mother မို့ အစပိုင်းမှာဝေဖန်မှုတွေ ပြင်းထန်စွာခံခဲ့ရတာကို ပရိတ်သတ်တွေလည်း သိမယ်ထင်ပါတယ်။ ဒါပေမဲ့ အေသင်ကတော့ ဘယ်တော့မှ ဘဝကို အရှုံးပေးတတ်တဲ့ သူ မဟုတ်တာကြောင့် သမီးလေးအတွက် ရှေ့ဆုံးကနေ ရပ်တည်ပြီး ကြံ့ကြံ့ခံနိုင်ခဲ့ ပါတယ်။ ယခုဆိုရင်တော့ အရွယ်တဖြည်းဖြည်းကြီးလာပြီဖြစ်တဲ့ Ivyလေး အတွက် ယခင်ကထက်ပိုပြီး အုပ်ထိန်းမှုကောင်းစွာနဲ့ သမီးလေးကို ပြုစုပျိုးထောင်နေတဲ့ အေသင်ကို တွေ့ရမှာ ဖြစ်ပါတယ်။

သမီးလေးရဲ့ အစစအရာရာကို ဂရုစိုက်တတ်တဲ့ အေသင်က Ivyလေး နေမကောင်းဖြစ်နေတုန်း ဘာအလုပ်မှ မလုပ်နိုင်ပဲ သမီးလေးဘေးနားမှာ တစ်ချိန်လုံးအရိပ်လို ဂရုစိုက်ပေးနေတဲ့ အေသင့်ရဲ့ မိခင်စိတ်လေးကို လည်း ပရိတ်သတ်တွေ အထင်သားတွေ့မြင်ရမှာပါ။ " အဖျားကျသွားပီဆိုတာနဲ့ အနေအထားက ဒီလိုဖြစ်သွားပါတယ် လွန်ခဲ့သော ၃နာရီလောက်က အဖျား၁၀၃ တုန်းက အမေပေါ်ကကိုမဆင်းတာ ခါးတွေလည်းနာနေပီ လူလဲပြိုင်းနေပီ တော်သေးတယ် အဖျားကျသွားလို " ဆိုတဲ့စာလေးနဲ့ အတူ မေမေရင်ခွင်ထဲမှာ နေကောင်းသွားလို့ ကနေတဲ့ Ivyလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပရိတ်သတ်တွေ ကြည့်ပြီး အချစ်တွေတိုးလာမယ်လို့ ထင်ပါတယ်နော်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။