မကြာခင်မှာလက်ထပ်ကြတော့မယ့် စုံတွဲလေးဖြစ်တဲ့ ဒါရိုက်တာကို ဏကြီးနဲ့ မင်းသမီးလေးပိုင်ဖြိုးသုတို့ဟာရှေ့သွားနောက်လိုက်ညီပြီး အရမ်းကိုလိုက်ဖက်တဲ့ အတွက် အခုအချိန်မှာ ပရိတ်သတ်တော်တော်များများ အားကျနေရတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း စလိုက်နောက်လိုက်နဲ့ တစ်ဦးပေါ်တစ်ဦးနားလည်မှုအပြည့်ထားထားတဲ့သူတို့ရဲ့ အချစ်ရေးဟာလည်းကြည်နူးစရာအရမ်းကောင်းပါတယ်။

သူမတို့နှစ်ယောက်ပုံဖော်ရိုက်ကူးခဲ့တဲ့ မီ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ရေပန်းအလွန်စားပြီး ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုများကြောင့် ရုံတင်ရက်တွေဆက်နေခဲ့ရတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ မီကားဟာ ၁၆ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ မီ ဇာတ်ကားထဲက သုသုရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရဲ့ ခီဇနီးမောင်နှံတို့ဟာ အရမ်းကိုသဘောကျကျေနပ်ခဲ့တာကြောင့် သုသုကို ခီမောင်နှံဦးစီးပြီးရိုက်မယ့် now&everရုပ်ရှင်ဇာတ်ကားကြီးမှာ ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။

ဒီလိုသရုပ်ဆောင်ပညာမှာအရမ်းထူးချွန်းတဲ့ မင်းသမီးလေးသုသုနဲ့ ရိုက်ကွင်းရိုက်ကွက်အမိုက်စားတွေကိုဖန်တီးတတ်တဲ့ဒါရိုက်တာကိုဏကြီးတို့ဟာ လက်မထပ်ခင် ရက်ပိုင်းမှာအရမ်းကို Roပြနေကြပါတယ်နော်။ မနေ့ကလိုမိုးနဲ့ ရုတ်တရက် မင်္ဂလာပွဲရက်မှာ ရွာခဲ့မယ်ဆိုရင်တောင် သုသုကို မိုးရေထဲမှာပဲလက်ထပ်မှာပါ ဆိုပြီးကိုဏကြီးကတဖန် Roထားပြထားတာကိုတွေ့ရပါတယ်။ ပရိတ်သတ်ကြီးရေ ပရိတ်သတ်ကြီးချစ်တဲ့သုသုတို့စုံတွဲလေး အိုအောင်မင်းအောင်ပေါင်းရပါစေလို့ ဝိုင်းဆုတောင်းပေးလိုက်ကြပါအုန်းနော်...

Source : Paing Phyo Thu

Photo crd: Amazing Grace,AYEZAWMOE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။