ပြည်သူ့ အချစ်တော် ဖွေးစိန်လေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ပြီး ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူလေးဖြစ်ပါတယ်။ ထွက်ရှိသမျှရုပ်ရှင်ဇာတ်ကားတိုင်မှာ အောင်မြင်မှုများစွာကို ရရှိထားတာကိုလည်း ပရိတ်သတ်တွေ မျက်မြင်တွေ့မြင်နိုင်ပါတယ်။ ကလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ ဖွေးစိန်လေးက ခုနောက်ပိုင်းအလုပ်တွေကိုသာဖိလုပ်လာတာလည်း ပရိတ်သတ်တွေ မြင်တွေ့ရမှာပါ။


အလုပ်တွေကို ကြိုးစားလုပ်နေတဲ့ ဖွေးလေး ကတော့ ကြိုးစားမှုရဲ့ ရလဒ်တွေအတွက် " သမ္မတကြီးထံ သို့ ပေးစာ " ရုပ်ရှင်ဇာတ်ကားကြီးမှာ ဂုဏ်ပြုဆုတွေကိုလည်းရရှိခဲ့ ပါတယ်နော်။ ယခုနောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ " ရည်းစားတစ်ဝမ်းကွဲ " ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးစိန်လေးနဲ့ အလိုက်ဆုံး ဇာတ်ကောင်ပုံစံလေးနဲ့ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားတဲ့ ဖွေးစိန်လေးကို ပရိတ်သတ်တွေ တွေ့မြင်ရမှာဖြစ်ပါတယ်။

ဖွေးစိန်လေးကတော့ သူမ အရမ်းသရုပ်ဆောင်ချင်ခဲ့တဲ့ ဇာတ်ကောင်နေရာလေးကို သရုပ်ဆောင်ရတာကြောင့် ငယ်ဘဝလေးတွေကိုလည်း ပြန်အမှတ်ရမိပါတယ် လို့ ပြောပါတယ်။ ပရိတ်သတ်ကြီးတွေ အရမ်းကို ကြည့်ချင်နေတဲ့ အချစ် ဟာသ ဒရမ်မာ ဇာတ်ကားလေးဖြစ်တဲ့ " ရည်းစားတစ်ဝမ်းကွဲ " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက် ပွဲလေးကို ချစ်ရတဲ့ ဖေဖေနဲ့ အတူ တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက်တင်ပေးလိုက်ပြီနော်။ စိုင်းစိုင်း ပရိတ်သတ်တွေကော ဖွေးစိန်လေးရဲ့ ပရိတ်သတ်တွေကော ရုပ်ရှင်ဇာတ်ကားလေး ရုံတင်ရင် ဝန်းရံလိုက်ပြပါအုံးနော်..။

Source:Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။