အမေရိကန်စုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲကို အပန်းဖြေစခန်း မှာ ပရိတ်သတ်အစုံအညီနဲ့ ကျင်းပခဲ့ပါတယ် ... ခရစ်ယာန်ထုံးစံအတိုင်း မောင်နှံကတိသစ္စာတိုင်တည်နေတုန်းမှာ ပရိတ်သတ်တွေကသတိထားလိုက်မိတာတော့ သူတို့ရဲ့ဘေးက မှန်ကန်ကြီးထဲမွေးထားတဲ့ ဝေလငါးက တရားဟောဆရာနောက်ကနေ သူတို့စုံတွဲကို အသေအချာစိုက်ကြည့်နေတာကိုပါ ... 

သဘာဝကျလွန်းတာကြောင့် ရိုက်ခဲ့တဲ့ဓါတ်ပုံဟာ အင်တာနက်မှာ ပျံနှံသွားပြီး photoshot သုံးကာ ဝေလငါးကြီးကို အမျိုးမျိုးပြုပြင် ရုပ်ပြောင်လုပ်ထားတဲ့ပုံတွေလဲ ပလူပျံသွားပါတော့တယ် ... မင်္ဂလာမောင်နှံအနေနဲ့လဲ သူတို့ရဲ့ မင်္ဂလာနေ့မှ ဒီလို အမှတ်တရဖြစ်ရပ်မျိုး ကြုံရတဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရပါတယ် ... ချစ်ဖို့ကောင်းလိုက်တဲ့ဝေလငါးကြီးပဲနော် !!!

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။