ပရိတ်သတ်ကြီးရေ... ကမ္ဘာဆိုတာလူတွေအတွက် ကြောက်စရာ ကောင်းတဲ့ အန္တရာယ်တွေအပြည့်ရှိနေတဲ့နေရာပါ။ ဟိုနေရာမှာရေကြီးလိုက် ဒီနေရာမှာမီးလောင်လိုက်နဲ့ လူတွေရဲ့ အသက်တွေကခနခနဆုံးရှုံးနေရပါတယ်။ ဒါ့အပြင်မိုးတွင်း ဝင်တဲ့အခါနဲ့ ဆောင်းတွင်းအကူးမှာ လေဆင်နှာမောင်းတွေ ခဏခဏဖြစ်ပေါ်တတ်ပါတယ်။ တချို့လေဆင်နှာမောင်းတွေက လူတွေကိုပြေးခွင့်ပေးပေမယ့် အချို့သောလေဆင်နှာမောင်းတွေကတော့ လူသတ်လေဆင်နှာမောင်းတွေပဲဖြစ်ကြပါတယ်။

တကယ်လို့ ကိုယ်နဲ့ခပ်ဝေးဝေးအရပ်မှာ လေဆင်နှာမောင်းတိုက်ခဲ့မယ်ဆိုရင်တောင် အပြင်မှာလက်ယား လက်ယားနဲ့မမြင်ဖူးလို့ ဝိုင်းကြည့်တာမျိုးမလုပ်ဖို့တော့လိုပါတယ်။ ဘာလို့လည်းဆိုတော့ လေဆင်နှာမောင်းနဲ့အတူပါလာတဲ့ အပျက်အစီးတွေကသင့်ကို သေအောင်သတ်ပစ်လို့ရနေလို့ပါ။ လေဆင်နှာမောင်းဟာ အရမ်းကြမ်းကြမ်းကြီးတိုက်ခဲ့မယ်ဆိုရင် သူ့ရဲ့နှုန်းဟာ ၃၀၀မိုင်လောက်ထိရှိနိုင်ပြီး ကြီမားတဲ့အဆောက်အဦး ကွန်ဒိုတွေ သစ်ပင်တွေ လူတွေကို ကောက်ရိုး မြက်ပင်လေးပမာ စုတ်ယူပစ်နိုင်ပါတယ်။ 

လေဆင်နှာမောင်းရဲ့ထူးခြားချက်ကတော့ အလယ်တည့်တည့်မှာ လေငြိမ်နေပြီးတော့ ဘေးပတ်ပတ်လည်ကတော့ ဂြိုလ်မွှေပြီးကြောက်စရာကောင်းတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးနဲ့ အသေအပျောက်အပျက်အစီးအများဆုံး လူသတ်လေဆင်နှာမောင်းကြီးကတော့ ၁၉၈၉ခုနှစ် ဧပြီလ ၂၆ရက်နေ့မှာတိုက်ခတ်ခဲ့တဲ့ Daulatpur-Saturia လေဆင်နှာမောင်းကြီးပဲဖြစ်ပါတယ်။ မိနစ်ပိုင်းအတွင်းနဲ့ လူပေါင်း ၁၀၀၀ကျော်အသက်ပျောက်ခဲ့ရပါတယ်။

Source : Daulatpur-Saturia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။