ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိ မိသားစုနဲ့အတူ အမိမြေကိုပြန်လည်ရောက်ရှိနေပြီး မိခင်ဖြစ်သူရဲ့ နွေးထွေးမှုအောက်မှာနေထိုင်လျှက်ရှိကြောင်း သိရပါတယ်။   

ပျော်ရွှင်ကြည်နူးစရာမိသားစုဘဝလေးတစ်ခုကို တည်ထောင်ထားနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် မိခင်ဖြစ်သူရဲ့ အချစ်တော်သားတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မနေ့က အောင်လအန်ဆန်းကတော့ မိခင်ဖြစ်သူရဲ့ မွေးနေ့မှာအမှတ်ဗီဒီယိုဖိုင်လေးတစ်ခုပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးမှာတော့ အသက် ၆၃ နှစ်ပြည့် အဖွားဖြစ်သူအတွက် အောင်လအန်ဆန်းရဲ့ အချစ်တော် အောင်ဒီးရဲ့ မွေးနေ့သီချင်းလေးသီဆိုမှုနဲ့ အနမ်းပေးနေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေသာမက အဖွားဖြစ်သူရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်သလို မြေးရဲ့ ချစ်စရာအမှုအရာလေးကြောင့် မွေးနေ့မှာပျော်ရွှင်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးနဲ့ ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ "မနေ့ကကျွန်တော့်မိခင် အသက် ၆၃ နှစ်ပြည့်ပါတယ်။

Happy Birthday mom ! ကျန်းမာပျော်ရွှင်မှူတွေနဲ့ နှစ်ပေါင်းများစွာတိုင် ချစ်တဲ့မိသားစုတွေနဲ့နေထိုင်နိုင်ပါစေ။" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အောင်လအန်ဆန်းရဲ့ အမေနဲ့ သားရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။