ပရိတ်သတ်ကြီးရေ... ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်အေးမြတ်သူ ဟာ အနုပညာလောကမှာ ပရိတ်သတ်တွေတီးတဲ့လက်ခုပ်သံတွေကြောင့်အောင်မြင်မှုတွေပိုင်ဆိုင်ထားရသူပဲဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်းရုပ်ရှင်ဇာတ်ကားကြီး ဟာမကြာခင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

သူမဟာ ယနေ့မှာISUZUကပြုလုပ်တဲ့ showroomဖွင့်ပွဲနဲ့ ကားသစ်တွေမိတ်ဆက်ပွဲ အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ သူမနဲ့အတူ နှုတ်ခမ်းနီမလေးတွေတမ်းတမ်းစွဲဖြစ်နေကြတဲ့ နာမည်ကြီးသရုပ်ဆောင် အနုပညာရှင် အောင်ရဲလင်းဟာလည်း ဒီပွဲကိုတက်ရောက်ခဲ့ပါတယ်။မြတ်လေးကတော့ ဒီပွဲမှာ ခန္တာကိုယ်ကောက်ကြောင်းတွေ အပြည့်ပေါ်တဲ့ အနက်ရောင်ဖက်ရှင်လေးကိုဝတ်ဆင်လာခဲ့ပြီး ပုရိသတွေရဲ့ ရင်ခုန်သံတွေကိုသိမ်းယူသွားခဲ့ပြန်ပါတယ်။ 

မြတ်လေးဟာ အကယ်ဒမီ စာရင်းမှာ ပရိတ်သတ်တွေတော်တော်များများရဲ့ notice ပေးခြင်းခံထားရတဲ့အနုပညာရှင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံမတင်ခင်မှာ သူမဟာပွဲအခမ်းအနားတွေကိုတက်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီနေ့ပွဲကိုတော့ သူမဝတ်ဆင်လာခဲ့တဲ့ဖက်ရှင်လေးနဲ့ လိုက်ဖက်တဲ့အပြင်အဆင်လေးကို ပြင်ဆင်ထားတာမို့ အရမ်းကိုကြွကြွရွရွလှလှပပလေးဖြစ်လို့နေပါတယ်နော်။ အတွင်းသားအလှလေးတွေပေါ်နေတဲ့သူမရဲ့ ဖက်ရှင်လေးနဲ့ပွဲတက်လာပုံလေးကိုပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။