လမ်းဘေးစားသောက်ဆိုင်မှာလည်း အလုပ်လုပ်ခဲ့ဘူးတဲ့ အာရှမှာအအောင်မြင်ဆုံး မိန်းကလေး DJ

မလေးရှား နိုင်ငံသူ DJ Leng Yein ဟာ သူ့ဘဝရဲ့ လမ်းဘေးခေါက်ဆွဲပြုတ်ဆိုင်လေးမှာ အလုပ်လုပ်ခဲ့ပြီး ခုအချိန်မှာတော့ အာရှမှာ နံပါတ်၁ မိန်းကလေး DJ ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း Leng ဟာဘဝမမေ့ဘဲ ခုအချိန်ထိအားရင်အားသလို အဖွားဆိုင်ကိုသွားပြီး ကူညီနေတုန်းဘဲ ဖြစ်ပါတယ်။

၃၁နှစ်ရှိပြီးဖြစ်တဲ့ Leng ကညီမငယ်နဲ့အတူတူ ၂ယောက်တွဲပြီး ပွဲတွေမှာ ဖျော်ဖြေလေ့ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း မိန်းကလေး DJ စာရင်းမှာလည်း နံပါတ်ရှစ်ချိတ်သူဖြစ်ပါတယ်။ သူမက ဥရောပ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တရုတ် ၊ သြစတြေးလျား၊ အင်ဒိုနီးရှား၊ စင်္ဂါပူ အစရှိတဲ့ နိုင်ငံတွေကို လှည့်လည် ဖျော်ဖြေပြီး မော်ဒယ်လည်းလုပ်ပါတယ်။

Leng ရဲ့ဘဝက အဖေကငယ်ရွယ်စဉ်မှာဘဲ ဆုံးပါးခဲ့တာကြောင့် ခက်ခဲခဲ့ပါတယ်။ အဖေ့ရဲ့ကင်ဆာရောဂါအတွက် ကုသခတွေပေးခဲ့ရတာကြောင့် တက္ကသို်လ်မတက်နိုင်ခဲ့ဘဲ အလုပ်လုပ်ခဲ့ရပါတယ်။ သူမကအလုပ်ရွေးတတ်သူမဟုတ်ဘဲ ဥပဒေနဲ့မဆန့်ကျင်ဘဲ ပိုက်ဆံရတဲ့ အလုပ်မှန်သမျှ လုပ်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ညီအမတွေက DJ အလုပ်တင်မကဘဲ စားသောက်ဆိုင်၊ တက်တူးထိုးဆိုင်၊ အလှပြင်ဆိုင်နဲ့၊ ကိုယ်ပိုင်တံဆိပ်နဲ့ အဝတ်အစားပါ ထုတ်ထားပါတယ်။ Leng က ပလက်စတစ်ဆာဂျရီတွေ လုပ်မှုကြောင့်လည်း ဝေဖန်ခံခဲ့ရပါတယ်။ ဒါပင်မဲ့ သူမကတော့ ဒါတွေကို ဂရုမစိုက်ပါဘူးတဲ့။ မိ်န်းကလေးတွေ အားလုံး လှဖို့ အချိန်ပေးဖို့ဘဲလိုပြီး သူမကတော့ မိတ်ကပ်ပြင်ဖို့ အချိန်မပေးနိုင်တဲ့အတွက် plastic surgery လုပ်ခဲ့တာလို့ပြောပါတယ်။ အခုလိုလုပ်လိုက်တဲ့အတွက် အပြင်သွားရင် မျက်ခုံးမွှေးဆွဲ၊ နှုတ်ခမ်းနီးဆိုးရုံနဲ့ အဆင်ပြေပြီး သူမအချိန်မကုန်တော့ဘူးလို့ ပြောပါတယ်။ ဒါကအချိန်နဲ့ ပိုက်ဆံလဲလှယ်မှုတစ်မျိုးပါဘဲတဲ့။ သူမ က social media မှာလည်း ကျော်ကြားပြီး facebook မှာ fan သုံးသန်းကျော်ရှိပြီး instagram မှာ သန်းတစ်ဝက်ရှိပါတယ်။ car show တွေမှာလည်း မော်ဒယ်လုပ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။