ချစ်စရာကောင်းတဲ့ ခေးတို့ မေမေ ချစ်သုဝေကတော့ သမီးနှစ်ယောက် မွေးပြီးတာတောင် အပျိုရှုံးအောင်လှတဲ့ သူလေး လို့ပြောရင် မှားမယ်မထင်ပါဘူး။ အနုပညာလောကမှာ ပရိတ်သတ်တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ အပြင် ခံစားမှု အစစ်တွေကို ပေးစွမ်းနိုင်တဲ့ ချစ်သုဝေရဲ့ သီချင်းတွေက ယခုချိန်ထိ ပရိတ်သတ်တွေကြားမှာ ခေတ်စားနေဆဲဖြစ်ပါတယ်။ ချစ်သုဝေရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ် နဲ့ သစ် အမွှာလေးနှစ်ယောက်ကလည်း ပရိတ်သတ်တွေ အရမ်းကိုချစ်ကြတဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။


ချစ်သုဝေကတော့ လင်းလင်းနဲ့ အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အချိန်တော်တော်များများကို ကုန်ဆုံးနေတာကို လည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကြည့်ရင် ပရိတ်သတ်ကြီး သိလိမ့်မယ်ထင်ပါတယ်။ ယခုဆိုရင်တော့ အနုပညာအလုပ်ထဲကို တစ်ကြော့ပြန်လည် ဝင်ရောက်လာပြီဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ ဒုတိယမြှောက် သီချင်းအယ်ဘမ်သစ်ကို ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ခေတ် နဲ့ သစ်လေးက ချစ်စရာကောင်းသလို မေမေ့ ချစ်သုဝေကို မျက်စိရှေ့က အပျောက်မခံတတ်တာ ပရိတ်သတ်တွေ သိပါလိမ့်မယ်။

မေမေ ချစ်သုဝေတစ်ယောက် ဒီတစ်ခေါက်လည်း ပွဲတက်ဖို့ သမီးလေးတွေကို တော်တော်လေး ချော့ခဲ့ရမယ်ထင်ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အီတလီကနေ အဆင့်မြင့် နာမည်ကြီး brand တစ်ခုကို ကိုယ်စားလှယ်ယူထားတဲ့ ကုန်ပစ္စည်း မိတ်ဆက်ပွဲ အခမ်းအနားလေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ခေးတို့ မေမေက ချစ်စရာ ဒီဇိုင်းပုံစံလေးနဲ့ အူဝဲရဲ့ လုပ်ငန်း ရေရှည်တည်တံ့အောင်မြင်နိုင်ဖို့ အတွက်ဆုတောင်းပေးခဲ့ပါသေးတယ်။ ချစ်စရာခေးမေ ဒီတစ်ခေါက်လည်း သမီးလေးတွေကိုချော့ပြီး ခက်ခက်ခဲခဲ ပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေ အတွက်တင်ပေးလိုက်ပါတယ်နော်။

Source:Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။