ထူးဆန်းတဲ့ ဒီအမှုက ဖိလစ်ပိုင်မှာဖြစ်ခဲ့တာပါ ။
တစ်ရက်မှာအဘွားအိုတစ်ယောက်နေတဲ့ အိမ်ကနေ ငွေတွေအခိုးခံလိုက်ရပါတယ် ။
ရဲတိုင်ပြီး ဖြစ်ပုံကိုပြောပြတဲ့အခါ အဘွားအိုက သူငွေတွေထားတဲ့နေရာကိုသိတဲ့သူခိုးက
ပြတင်းပေါက်ကိုဖြတ်ပြီးဝင်ခိုးတာပါတဲ့ ။ သူခိုးကအတွင်းလူထဲကဖြစ်မယ်လို့
ရဲကကောက်ချက်ချ ပြတင်းပေါက်ပေါ်ကလက်ဗွေတွေကို
အဘွားအိုရဲ့ အိမ်နားဝန်းကျင်မှာပဲနေတဲ့ ဆွေမျိုး ၆ ယောက်ရဲ့ လက်ဗွေနဲ့
တိုက်စစ်ဆေးမယ်ဆိုပြီး ယူသွားခဲ့ပါတယ် ။ 

သို့သော်လည်း ရဲတွေ ဘာမှမလုပ်ရသေးခင်မှာပဲ အမည်မသိတဲ့သူခိုးက
ယူသွားတဲ့ငွေတွေအပြင် တောင်းပန်စာတစ်စောင်ပါရေးပြီး အဘွားအိုအိမ်ကိုပြန်လာထားသွားခဲ့တဲ့ အဖြစ်ရောက်ခဲ့တာပါ ။
စာထဲမှာတော့ " အခွင့်မရှိဘဲအိမ်ထဲဝင်ပြီး ငွေတွေယူသွားမိလို့တောင်းပန်ပါတယ် ။
ခွင့်လွှတ်ပေးပြီးတော့ အမှုမဖွင့်ပါနဲ့တော့ " လို့ရေးသားထားခဲ့ပါတယ် ။
ရဲတွေရဲ့ မှန်ကန်တဲ့ကောက်ချက်ချမှုနဲ့ တာဝန်ယူစုံစမ်းစစ်ဆေးပေးမယ်ဆိုတဲ့ကတိကဝတ်က
ပြစ်မှုကျူးလွန်သူကို အပြစ်ပေါ်သွားမှာကြောက်လန့်စေခဲ့တာပါ ။
ကံမကောင်းတဲ့ သူခိုးကတော့ သက်သက်ကြီး ပင်ပန်းသွားရှာတာပေါ့ ...
ပစ္စည်းတွေပြန်ရပြီးတဲ့နောက်မှာ အမှုဆက်ဖွင့်မဖွင့်ကတော့ အဘွားအိုသဘောအတိုင်းပါပဲဲလို့ ဖိလစ်ပိုင်ရဲတွေကပြောကြားသွားခဲ့ပါတယ် ။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။