မိကျောင်းနက်များသည် မိကျောင်းခေါင်းတို မျိုးစိတ်များဖြစ်ကြပြီး ၆ ပေ အထိရှည်လျားကြီးထွားနိုင်ကြပါတယ်။ နိုင်းမြစ်အတွင်းနေထိုင်ကြသော မိကျောင်းများထက် ပိုမိုကြီးမားလေးလံသော ဦးခွံရှိပြီး အမေဇုန်ရေပြင်၏ထိပ်ဆုံးသားရဲများလည်းဖြစ်ကြပါတယ်။ ဒီအချက်များက မိကျောင်းနက်တွေ ရေဘုရင်တွေ ဖြစ်တာ သံသယ ဖြစ်စရာတောင်မလိုပါဘူး။ 

မိကျောင်းနက်တွေဟာ သူတို့ ရဲ့ ပါးစပ်တွင်းရောက်သမျှအားလုံးကိုစားသောက်ကြပြီး သားစားငါးများ၊ မျောက်များ၊ ငါးကြီးများ ၊ သမင်ဒရယ် များအပြင် နဂါးဟု ခေါ်ကြသည့် အနာကွန်ဒါများကိုပါ စားနိုင်တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ တိရိစ ္ဆာန်များကိုသာမက လူကိုလည်း တိုက်ခိုက်တတ်ကြပြီး ၂၀၁၀ ပြည့်နှစ်က ဇီဝဗေဒ ပညာရှင်ဒိုင်စေနိရှိမုရ အမည်ရှိ အမျိုးသမီးကိုမိကျောင်းနက်တစ်ကောင်ကတိုက်ခိုက်ခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ 

သူမ၏ရေပေါ်လှေအိမ် တွင် ငါးတစ်ကောင်ကို ရေဆေးနေစဉ် နိရှိမူရအား မိကျောင်းနက်ကတိုက်ခိုက်ခဲ့ရာ သူမကပြန်လည်တိုက်ခိုက်ရင်း ခြေ တစ်ဖက်ပါသွားခဲ့ရရှာပါတယ်။ အဆိုပါ မိကျောင်းဟာ နိရှိမုရ ၏ ရေပေါ်အိမ်လှေအောက််တွင် ရှစ်လကြာမျှ နေထိုင်ခဲ့ပြီး နိရှိမူရအား တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။  

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။