မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဒီဇင်ဘာလ ၁၄ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းမီးလောင်မှုကြီးတစ်ခုကတော့ ထပ်မှန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။   

အဆိုပါ မီးလောင်မှုကြီးကတော့ ဒီကနေ့ နံနက်အစောပိုင်း ၂ နာရီ ၂၀ မိနစ်အချိန်ခန့်လောက်က ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်ကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ ဒီကနေ့ အစောပိုင်း ၂နာရီ ၂၀မိနစ်လောက်က မန္တတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း၊ ၈၇×၈၈ ကြားရှိ ဆိုင်ကယ် ပစ္စည်း ဂိုထောင်မီးလောင်မှုဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ မီးလောင်မှုကို ပထမအစောပိုင်းတွင် Level 2 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ကြပေမယ့် မီးလောင်မှုကျမလာတာကြောင့် ၂ နာရီ ၄၅ မိနစ်အချိန်တွင် Level 4 အဆင့်ဖြင့် ထပ်မံတိုးမြှင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကို ၃ နာရီ ၁၅ မိနစ်အချိန်တွင် ထိန်းထားနိုင်ခဲ့ပြီး ၄နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သလို ဆုံးရှုံးမှုများစွာရှိခဲ့ပြီး အသေအပျောက်စာရင်းကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။

Photos - ကျော်သက်ထွေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။