ပရိတ်သတ်ကြီးရေ... အရမ်းကိုhotပြီး အရမ်းsexyကျတဲ့ အမိုက်စားခန္တာကိုယ်လေးနဲ့ ပုရိသတွေရဲ့ရင်ခုန်သံတွေကိုသိမ်းယူသွားတဲ့ မင်းသမီးလေးကတော့ မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်းအရမ်းကြိုးစားပြီးတော့ ကျရာဇာတ်ရုပ်ပေါ်မှာ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင်တတ်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အချိန်ရရင်ရသလိုလည်း ဓာတ်ပုံမော်ဒယ်အလုပ်ကိုလည်းလုပ်တတ်ပါသေးတယ်။

အခုရက်ပိုင်းမှာဆိုရင် သင်ဇာဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို သွားရောက်လည်ပတ်နေလျက်ရှိပါတယ်။ မကြာခင်ကမှလည်း 808 ဘန်ကောက်ပွဲမှာလည်း အမိုက်စားဖက်ရှင်နဲ့ အပြတ်ကဲခဲ့ပါသေးတယ်နော်။ သူမရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီးဝေဖန်မှုတွေရှိပေမယ့် သူမကိုဝေဖန်သူတွေကို အပြစ်ပြောခြင်း လက်တုံ့ပြန်ခြင်း အလျဉ်းမရှိဘဲ သူမဝါသနာပါရာ အနုပညာအလုပ်ကိုသာအပြုံးမပျက်ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်။

အခုသူမရောက်နေတဲ့ ထိုင်းနိုင်ငံရဲ့အခေါ်အရ ဆီးနှင်းမြို့ Dream Worldမှာ လွတ်လပ်ပေါ့ပါးစွာရိုက်ထားတဲ့ sexyကျကျ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်လူမှုစာမျက်နှာပေါ်မှာဖော်ပြပေးထားခဲ့ပါတယ်။ သူမဟာ Dream worldက နာမည်ကြီးနွားသိုးကြီးကို မကျွေးရဲကျွေးရဲနဲ့ အစာကျွေးပြီး အတူတူ အမှတ်တရဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ ကလေးလေးတစ်ယောက်လိုလွတ်လပ်ပေါ့ပါးစွာပျော်ရွှင်နေတဲ့သူမရဲ့ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....

Source : Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။