ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ သူ့အပေါ်ကိုတစ်လုပ်တစ်ဆုပ်ကျွေးဖူးရင်တောင် သခင်လို့သတ်မှတ်ပြီး သူတို့အပေါ်ကျေးဇူးရှိတဲ့ သူကို ကျေးဇူးဆပ်ဖို့ကြိုးစားတတ်တဲ့သတ္တဝါတွေပဲဖြစ်ပါတယ်။ ဒါကို သက်သေပြခဲ့တဲ့အဖြစ်အပျက်ကတော့ ဘရာဇီးနိုင်ငံက super sundayမှာလူနာတစ်ယောက်ဆေးရုံလာပြတာကနေစခဲ့တာပါ။ Cesar လို့ခေါ်တဲ့လူနာဟာ ခြေသလုံးအိမ်တိုင်သွားလာနေရတဲ့ အိမ်ခြေမဲ့တစ်ယောက်ဖြစ်ပြီး ဆွေမျိုးသားချင်းတစ်ယောက်မှမရှိ သူပဲဖြစ်ပါတယ်။သူဟာ ရောဂါဝေဒနာတစ်ခုကို အပြင်းအထန်ခံစားနေခဲ့ရတဲ့အတွက် အခမဲ့ကုပေးတဲ့အစိုးရဆေးရုံကို ရောက်လာခဲ့ရပါတယ်။

တာဝန်ကျဆရာဝန် Mamprimနဲ့ နာစ့်တွေရဲ့ပြုစုကုသပေးမှုကြောင့် စိုးရိမ်စရာအခြေအနေကို ကျော်လွန်နိုင်ခဲ့ပါတယ်။ ဒါနဲ့ပဲအခြေအနေတွေအားလုံးအေးဆေးဖြစ်သွားတော့ ရောဂါရဲ့နောက်ကြောင်းကိုမေးမြန်းပြီး လူနာရှင်အနေနဲ့ ဘယ်သူပါလဲ ဘာညာ မေးတဲ့အခါမှာ Cesarကဆေးရုံအပေါက်ဝကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ Caserညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ ဆေးရုံအပေါက်ဝမှာ Cesarကိုစိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတဲ့လမ်းဘေးခွေးလေးတွေ...။ Caserဟာလမ်းဘေးခွေးလေးတွေကို သူစားတဲ့အစားအစာထဲက တဝက်လောက်ကိုအမြဲတမ်းမျှဝေကျွေးနေကျဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုအစာကျွေးနေတဲ့ သခင်ပါပဲ။ 

ခွေးလေးတွေဟာစိုးရိမ်နေတဲ့အကြည့်တွေနဲ့ တချက်တောင်မျက်နှာမလွှဲဘဲ Caserကိုအပေါက်ဝကနေ စနစ်တကျငြိမ်ငြိမ်လေးစောင့်ကြည့်နေခဲ့ကြပါတယ်။ နာရီတော်တော်ကြာတဲ့အထိပေါ့ဗျာ။ ဒါနဲ့ပဲ ဆေးရုံကဆရာဝန်နဲ့ နာစ့်တွေက အရမ်းကို သဘောကျလေးစားလွန်းတဲ့အတွက်ခွေးလေးတွေကို အထဲဝင်ခွင့်ပေးပြီး သခင်နဲ့တွေ့ခွင့်ပေးခဲ့ပါတယ်။ Caserကိုယ်တိုင်က "ငါ့ကိုယုံစမ်းပါ ငါဘာမှမဖြစ်တော့ပါဘူးကွာ" လို့ဆိုလိုက်တော့မှ စိုးရိမ်နေတဲ့ပုံလေးတွေပျောက်ပြီး အရင်လိုအမြီးလေးတတနှံ့နှံ့ပြန်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်(၁)ရီကျော်ကြာဆေးစစ်ချက်တွေ ကုသမှုတွေခံယူပြီးနောက် Caserတစ်ယောက်ဆေးရုံကဆင်းခွင့်ရခဲ့ပါတယ်။ဒီနောက်မှာတော့ သူ့ရဲ့ ခွေးလိမ္မာလေးတွေနဲ့အတူ အမှောင်ထဲကို ရွေ့ရွေ့ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြပါသတဲ့ ပရိတ်သတ်ကြီးရေ.....

Source : thedodo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။