မြန်မာပြည်ရဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဖြစ်တဲ့ စိုင်းစိုင်းဆိုရင် မွေးကင်းစလေးက စပြီး အသက်ကြီးတဲ့ အဘိုးအဘွားတွေ အထိ မသိတဲ့သူမရှိအောင်လောက်အောင် အောင်မြင်ကျော်ကြားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိ လူပျိုကြီးဘဝနဲ့ပဲ အေးအေးချမ်းချမ်းလေး နေနေနဲ့ စိုင်းစိုင်းကတော့ သူ့ကို ချစ်တဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းမကွဲရအောင်ယခုထိ အချစ်ရေးမှာ စောင့်ထိန်းနေတုန်းပါ။

စိုင်းစိုင်းရဲ့ တစ်နေတာကတော့ မအားလပ်တဲ့အပြင် အလုပ်တွေရှုပ်နေပေမဲ့ သူငယ်ချင်းတွေ မိသားစုတွေကို အချိန်သီးသန့်ပေးတတ်တာကိုလည်း ပရိတ်သတ်တွေ မြင်တွေ့ကြမှာပါ။ ယခုချိန်ထိ အသက်အရွယ်နဲ့ မလိုက်အောင် လူငယ်လေးတစ်ယောက်လို ဖျတ်လတ်နေဆဲ ဖြစ်တဲ့ စိုင်းစိုင်းကတော့ သူငယ်ချင်းတွေကို နောက်လို့ ပြောင်လို့ ကောင်းတုန်းပါပဲ နော်။ ယခုလည်း အနုပညာအလုပ်တွေနဲ့ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ စိုင်းစိုင်းရဲ့ အရင်းနှီးဆုံး BFF တစ်ဦးဖြစ်တဲ့ အဆိုတော် ကောင်းမြတ်ရဲ့ မွေးနေ့ကို သွားရောက်ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ကောင်းမြတ်ရဲ့ မွေးနေ့ပွဲလေးကို မကြာသေးခင်ကမှ အိမ်ထောင်ဦးစီးကြီးဖြစ်သွားပြီဖြစ်တဲ့ မောင်မောင်အေးနဲ့ အတူ သွားရောက်ခဲ့တာဖြစ်ပြီး Happy Birthday သီချင်းလေးကို ဆိုရင်း မွေးနေ့ရှင်အစား မွေးနေ့ဆုလိုက်တောင်းပေးနေတဲ့ လူပျိုကြီး စိုင်းစိုင်းရဲ့ ဗီဒီယိုလေးကို သူရဲ့ My Day မှာ တင်ထားတာဖြစ်ပါတယ်။ မောင်မောင်အေးကို အမြဲဖဲ့တတ်တဲ့ စိုင်းစိုင်းကတော့ ဗီဒီယိုရိုက်နေရင်း မောင်မောင်အေးကို အကြီးကြီး ဖောင်းလိုက်တာဖြစ်ပါတယ်။ စိုင်းစိုင်း ဘယ်လိုတွေ မောင်မောင်အေးကို ပြောထားတယ်ဆိုတာတော့ ဗီဒီယိုလေးကို သာကြည့်လိုက်ပါတော့ ပရိတ်သတ်ကြီးရေ...။

Source:Sai Sai Kham Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။