လက်ရှိပြည်တွင်း ဒေသများစွာမှာ ဆောက်လုပ်ထားတဲ့လမ်းတံတားများစွာရဲ့ ကြံ့ခိုင်မှုသတင်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပပညာရှင်တွေရဲ့ ဝေဖန်မှုတွေကတော့ များစွာရှိနေခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကြိုးကျမှုတံတားတွေကတော့ ပြည်ပဆောက်လုပ်ခဲ့တဲ့ ဆွေးမြေ့တံတားကြီးတွေအပြင် ပြည်တွင်းဆောက်လုပ်ရေးပညာရှင်များပြုလုပ်ခဲ့တဲ့ လမ်းတံတားအများစုလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

တံတားကြိုးကျမှုတွေကတော့ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပြီး အပြစ်မဲ့ပြည်သူများစွာသေကြေမှုတွေများစွာရှိခဲ့ဖူးကြောင်း သိရပါတယ်။ အဆိုပါ ကြိုးကျခဲ့တဲ့ တံတားတွေထဲမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တဲ့ တံတားကြိုးကျမှုကြီးကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ ဒီကနေ့မှာဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ ၎င်း တံတားကြိုးကျမှုကတော့ ကချင်ပြည်နယ် ဆဒုံး ရေတံခွန်တံတား ဖြစ်ပြီး မကြာသေးမီကကြိုကျခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရှိရပါတယ်။  

ဒီကနေ့ နံနက်ပိုင်းက တံတားပေါ် ကုန်ကားတစ်စီး ဖြတ်မောင်းနေစဉ်ကြိုးကျခဲ့တာဖြစ်ပြီး အဆိုပါ ကုန်ကားလည်း ပါဝင်သွားခဲ့ကြောင်း သိရပါတယ်။ ကြိုးကျမှုနှင့်အတူ ပါဝင်သွားခဲ့တဲ့ ကုန်ကားရဲ့ အခြေနေကိုတော့ လက်ရှိရှာဖွေမှုတွေပြုလုပ်နေရကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ကချင်ပြည်နယ် ဆဒုံးရေတံခွန်တံတားကြိုးကျမှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - DUWA LASHULAHTAW LAISI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။