ပရိသတ်ကြီးရေ.. ယွန်းဝတီလွင်မိုးရဲ့ သားချောလေး Liam လေးကတော့ ပြည်သူပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ အားလုံးရဲ့ အသည်းကျော်လေးပါပဲနော်.. ။

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ တစ်နေ့တစ်ခြား အရွယ်ရောက်လာပြီး ချစ်ဖို့ကောင်းလာနေတဲ့ Liam လေးကတော့ အခုအခါမှာတော့ အသက်(၄)လကျော် အရွယ်ကို ရောက်ရှိလာကာ ပိုပိုပြီး ချစ်စရာကောင်းလာပါတယ်နော်..။

မွေးကင်းစပီစိလေးအရွယ်ကတည်းက မိသားစုတွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ Liam လေးကတော့ အိုင်တင်မျိုးစုံလေးတွေနဲ့ အချစ်ပိုအောင် လုပ်တတ်ပြန်ပါသေးတယ်နော်..။

အခုတစ်ခါမှာတော့ မေမေယွန်းဝတီလွင်မိုးက သားလေးကိုမွေးပြီးပြီးချင်း မွေးခန်းထဲမှာ ဇနီးနဲ့ သားလေးကို ပီတိအပြုံးလေးတွေနဲ့ တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ ခင်ပွန်းဖြစ်သူထက်ဦးလှိုင်ရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေမျှဝေလိုက်ပါတယ်နော်..။

ရင်သွေးလေး မွေးပြီးပြီးချင်း ယွန်းဝတီလေးရဲ့ ရင်ဘတ်ပေါ်မှာ မိခင်ရင်ငွေ့လှုံနေတဲ့ သားလေးနဲ့ ဇနီးချောလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို တကယ်ပဲ အားကျကြည်နူးစေပါတယ်နော်..။

ချစ်ရတဲ့ ယွန်းလေးတို့ မိသားစုလေးရဲ့ ကြည်နူးစရာ မိသားစုပုံရိပ်လေေးတွနဲ့အတူ မွေးခန်းထဲက အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ယွန်းဝတီလွင်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။