မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲမှာ ထိုင်းအမျိုးသမီး ဘောလီဘောအသင်းရဲ့ ကျောနံပါတ် ၂ မာရီဆာဟာ အချောအလှတဦးအဖြစ် နာမည်ကြီးနေပါတယ်။သူမရဲ့အလှအပဟာပြိုင်ပွဲဝင်တွေကြားမှာ လှပတဲ့နတ်သမီးလေးသဖွယ် ချစ်စရာကောင်းနေပြီး သူမရဲ့ အလှဟာလူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 

အခု ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ဒီဇင်ဘာ ၃ ရက်ကနေ ၁၉ ရက်ထိ ကျင်းပနေတာလည်း ဖြစ်ပါတယ်။ယခုဆိုရင် မျက်စိလျင်တဲ့ ပရိသတ်တွေက သူမရဲ့ အကောင့်တွေ instagram တွေအထိပါ သွားရောက်ပြီး love reactတွေ ပေးနေကြပြီလဲဖြစ်ပါတယ်။  

၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း ၂ဝ၇၈ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။ ပြိုင်ပွဲမှာ အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုးနဲ့ ထည့်သွင်းကျင်းပနေတာလည်း ဖြစ်ပါတယ်။မြန်မာနိုင်ကတော့ ဆုတံဆိပ်အဆင့် ၄မှာ ရပ်တည်နေပါတယ်။  

SOURCE: DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။