ပရိတ်သတ်ကြီးရေ... ဖွေးစိန်လေးအကြောင်းကိုတော့ အထူးတလည်ပြောပြစရာမလိုပါဘူးနော်။ ချစ်ဖို့လည်းအရမ်းကောင်းသလို သရုပ်ဆောင်လည်းအရမ်းကောင်းတဲ့ အကယ်ဒမီပိုင်ရှင်လေးဖြစ်တဲ့ဖွေးစိန်လေးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ဒီနှစ်ထဲမှာဆိုရင် လတိုင်းနီးပါးရုံတင်နေကြပါတယ်။ ယခု ဒီဇင်ဘာ (၂၁)မှာလည်း သူမရဲ့ "ရည်းစားတစ်ဝမ်းကွဲ" ဆိုတဲ့ ပေါ့ပေါ့ပါးပါးလူငယ်ဇာတ်ကားလေးဟာ မကြာခင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ဖွေးစိန်လေးရဲ့ ပီပြင်တဲ့ သဘာဝဆန်ဆန် သရုပ်ဆောင်မှုတွေကြောင့် "မုန်းစွဲ" ဇာတ်ကားမှာ အရင်ကထက် ပရိတ်သတ်တွေ နှစ်ဆသုံးဆလောက်ပိုပြီး အားပေးခြင်းကိုခံခဲ့ရပါတယ်။ အကယ်ဒမီရမယ့် noticeစာရင်းထဲမှာလည်း ထိပ်ဆုံးကနေနေရာယူထားတဲ့ အနုပညာရှင်လေးလည်းဖြစ်ပါတယ်။သူမဟာအလုပ်တွေကြိုးစားလွန်းတဲ့အတွက် ပရိတ်သတ်တွေကတောင် တခါတလေစိတ်ပူပေးရပါသေးတယ်။

အခု သူမဟာ ကားပေါ်မှာနေရင်းနဲ့ ထိတ်လန့်စရာတစ်ခုကိုတွေ့ခဲ့ရပါတယ်။ အဲ့ဒီ သူမကြောက်တဲ့အရာတစ်ခုကြောင့် ကားပေါ်ကနေမဆင်းရဲ ဘဲဖြစ်နေခဲ့ရပါတယ်။ သူမ နည်းတူ သူမရဲ့သူငယ်ချင်းလေးဟာလည်း ထိုအရာကိုကြောက်ရွံ့ခဲ့သလို သနားလည်းသနားခဲ့ရပါတယ်။ သူမတို့ကို ကြောက်လန့်စေခဲ့တဲ့အရာကတော့... ဖားပျံ တစ်ကောင်ပဲဖြစ်ပါတယ်။ ဖားဆိုရင် အသဲယားပြီး အရမ်းကြောက်တတ်တဲ့ သူမကတော့ သူမသူငယ်ချင်းအကူအညီနဲ့ ဖားလေးကို ခြောက်လှန့်မောင်းထုတ်ခဲ့ပါတယ်ပရိတ်သတ်ကြီးရေ...

Source : Phway Phway

Photo Crd : Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။