နှုတ်ခမ်းနီမလေးတွေ ယနေ့တိုင်ထိကြွေနေရဆဲ ဖြစ်တဲ့ စိုင်းစိုင်းကတော့ အဘက်ဘက်မှာတော်တဲ့ သူတစ်ယောက်ဆိုတာ လူတိုင်းလက်ခံကြမှာပါ။ အမာခံပရိတ်သတ်တွေလည်း အရမ်းကိုများပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေကို တစ်ယောက်ထဲ သိမ်းပိုက်ထားတယ်လို့တောင် ဆိုနိုင်ပါတယ်။ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိတ်သတ်တွေကို ဦးစားပေးတတ်တဲ့ လူရိုးလူအေးကြီးဖြစ်တဲ့ လူပျိုကြီး စိုင်းစိုင်းကတော့ ယခုချိန်ထိ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးပါဘူးနော်။


လတ်တလောမှာတော့ ဖွေးစိန်လေးနဲ့ အတူ အချစ်ဟာသ ဒရမ်မာကားလေးဖြစ်တဲ့ " ရည်စားတစ်ဝမ်းကွဲ " ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး မကြာခင်မှာ စိုင်းစိုင်းရဲ့ ပရိတ်သတ်တွေ နဲ့ ရုံပြည့်ရုံလျှုံ ဖြစ်တော့မယ့် ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ စိုင်းနဲ့ဖွေးကတော့ မကြာသေးခင်က ပရိတ်သတ်တွေ လွှင့်လိုက်တဲ့ Live ဗီဒီယိုလေးထဲမှာ ပရိတ်သတ်တွေက အတင်းဝိုင်းမေးကြလို့ " ကျွန်တော်လည်း အိမ်ထောင်ပြုချင်နေပါပြီလို့ " ပြောသွားတာကို စိုင်းရဲ့ ပရိတ်သတ်တွေက တော့ သိပြီးကြပြီထင်ပါတယ်။

အခုတစ်လောမှာ Feel တဲ့ စာလေးတွေ အများဆုံးတင်ထားတာကို ပရိတ်သတ်တွေ မြင်တွေ့ကြမှာပါ။ ဒီတစ်ခါတော့ လုံးဝကို အရင်ကနဲ့ မတူတဲ့ စကားလုံး တွေနဲ့ " ကျနော့် မင်္ဂလာပွဲမှာ ပါဝင်ကူညီပေးလို့ရမလား... ခင်ဗျာ ရတာပေါ့ ပန်းကြဲပေးရမှာလား အရံလား ဗန်းကိုင်လား... ဒါမှမဟုတ် လက်စွပ်သယ်ပေးရမလား ဟင့်အင်း ကျနော်က ခင်ဗျားကို သတို့သမီးလုပ်စေချင်တာပါ " ဆိုတဲ့ စာလေး တင်ထားတာကို ကြည့်ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းများကွဲရတော့မလားလို့ အထင်မှားစေခဲ့ပါတယ်။ လူပျိုကြီးဖြစ်နေပေမယ့် နှလုံးသားကတော့ ခုချိန်ထိ လတ်ဆတ်နေဆဲ ဖြစ်တဲ့ စိုင်းစိုင်းကတော့ နှုတ်ခမ်းနီမလေးတွေကို ကြွေသွားအောင် တော်ကီအမိုက်စားတွေနဲ့ ချုပ်လိုက်ပြန်ပါပြီနော်။

Source: Sai Sai Kham Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။