ဒီဇင်ဘာ ၁၃ ရက်နေ့က ပါလက်စတိုင်း သေနတ်သမားတဦးက အသိမ်းမိုက်ခံ အနောက်ဘက်မ်း ဘတ်စ်ကားမှတ်တိုင်က လူတွေကို သေနတ်ခဲ့ပစ်ခတ်ခဲ့ပါတယ်။

၎င်းသေနတ်သမားကတော့ အစ္စရေးအခြေချ အော်ဖရာဒေသအနီး လမ်းဆုံတခုမှာ ကားပေါ်ကဆင်းပြီး အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။  

၎င်း ပစ်ခတ်မှုကြောင့် ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နေတဲ့ အစ္စရေး ၂ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောကြားခဲ့ပါတယ်။

သေနတ်သမားကတော့ ပစ်ခတ်ပြီးတာနဲ့ ကားပေါ်တက်ပြီးထွက်ပြေးသွားတာကြောင့် ဖမ်းမီခြင်းမရှိသေးပါဘူး။ 

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အနောက်ဘက်ကမ်းမြို့သွားတဲ့ ဝင်ပေါက်တွေကို ပိတ်ဆို့ပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

အစ္စရေး ဒေသခံတဦးကတော့ ဒီလုပ်ရပ်နဲ့ပတ်သတ်ပြီး မှတ်တိုင်မှာရပ်နေတဲ့ အပြစ်မဲ့ အစ္စရေးပြည်သူတွေကို သတ်ဖြတ်တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။