ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်အရာတွေအများကြီးရှိသလို မဖြစ်နိုင်တာတွေလည်းအများကြီးရှိပါတယ်။ တချို့အရာတွေက ဒဏ္ဍာရီထဲမှာသာရှိကြပြီး လက်တွေကမ္ဘာထဲမှာ မရှိကြပါဘူး။ ဒါပေမဲ့ ဒဏ္ဍာရီဆိုတာကလဲ လက်တွေ့မှာရှိခဲ့လို့ ဖြစ်ပေါ်လာတယ်လိုပဲ ထင်ပါတယ်။ ဥပမအားဖြင့် နဂါးတို့ ဘီးလူတို့လိုပေါ့ဗျာ။ဒီအခုဖော်ပြမဲ့ အရာတွေကတော့ ကမ္ဘာပေါ်က မကောင်းဆိုးဝါးတချို့ အကြောင်းပဲဖြစ်ပါတယ်။ တကယ်ရှိမရှိကတော့ စာဖတ်သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

သင်ဟာညစာအများကြီး စားပြီး ညဘက်မှာသာယာစွာအိပ်ပျော်နေစဉ်ရုတ်တရက်နိုးလာကာ လှုပ်မရထမရအခြေအနေမှာ ဆိုရင်တော့သေချာပါပြီ..သင့်ရင်ဘက်ပေါ်မှာ မိန်းမတစ်ယောက် ဆောင့်ဆောင့်ထိုင်ကာ မျက်လုံးနီကြီးနဲ့သင်ကိုစိုက်ကြည့်နေပါလိမ့်မယ်။သူကတော့ Brazilကမကောင်းဆိုးဝါတစ်ကောင်ဖြစ်ပြီး The Pisaderia လို့ခေါ်ပါတယ်။မြန်မာတွေရဲ့ ဘီလူးစီးတာတို့ ထမင်းလုံးတစ္ဆေ ခြောက်တာနဲ့တူတယ်နော်။တောထဲမှာ ကလေးအော်ငိုသံကြားရတဲ့အခါ ယောင်လိုတောင် အဲ့အသံရှိရာ မသွားပါနဲ့။  

သူဟာမြင်မြင်ချင်းမှာတော့ကလေးတစ်ယောက်လိုဖြစ်ပြီး သူအနားရောက်ရင်တော့ မကောင်းဆိုးဝါးပုံစံပြောင်းကာ သတ်ဖြတ်စားသောက်ပါလိမ့်မယ်။ သူကို Tiyanak လို့ခေါ်ပြီး Philippine ကမကောင်းဆိုးဝါးဖြစ်ပါတယ်။ ကားလမ်းတွေမှာ accident တွေဖြစ်ပေါ်လျက်ရှိပါတယ်။ တစ်ရက်မှာ လူတစ်ယောက်က ကားမောင်လာရာ လက်တစ်စုံဟာပေါ်လာခဲ့ပြီး ရှိသမျှ ကားဘီး ပစ္စည်းတွေအကုန်လုံးကို တစစီ လုပ်ပစ်လိုက်ပါတယ်။ ဒါကိုတော့ Hairy Hand လို့ခေါ်ပြီး လက်သာမြင်တွေရတဲ့ မကောင်းဆိုးဝါးပါ။ ဒါကတော့ အိပ်နေတဲ့ချိန်၊တောထဲရောက်နေတဲ့ချိန် နဲ့ ကားမောင်နေစဉ် ဖြစ်ပေါ်လာတဲ့အရာ မကောင်းဆိုးဝါးတွေပဲဖြစ်ပါတယ်

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။