ချစ်ပရိသတ်ကြီးရေ.. အကြွေစောလွန်းသွားခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသွေးရဲ့ နောက်ဆုံးအနေနဲ့ အကောင်းဆုံး ကြိုးစားသွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို အားလုံးစောင့်မျှော်နေကြတဲ့ သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့ဒီဇင်ဘာ(၁၄)ရက်နေ့မှာပဲ စတင်ရုံတင်ပြသနေပါပြီနော်..။

ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်မပြမီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေမသိသေးတဲ့ သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်မင်းသွေးတစ်ယောက် ဘယ်လိုတွေ စိတ်ရော ကိုယ်ရောနှစ်ပြီး အကောင်းဆုံး ကြိုးစားထားခဲ့တဲ့ အကြောင်းလေးတွေကိုလည်း ချစ်သက်တို့ သူငယ်ချင်းတစ်စုက ပြောပြလာခဲ့ပါတယ်..။

“သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ချစ်သက်လေးကတော့ စည်ဖြိုးရဲ့ကောင်မလေး ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အနုပညာမောင်နှမတွေကို ကူညီတဲ့ သဘောလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်တယ်ဆိုပြီးတော့လည်း ချစ်သက်လေးက ပြောပြထားပါသေးတယ်..။

မင်းသွေးက သူ့ရဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံအမြန်တင်ချင်ခဲ့တာဖြစ်ပြီး သူ့ရဲ့တစ်နေ့တာအချိန်(၂၄)နာရီလုံး နေ့တိုင်းလိုလိုမှာ သတ်ကွင်းအတွက် အချိန်ပေးခဲ့ပြီး မင်းသွေးမကွယ်လွန်မီကလည်း ခင်လှိုင်ရဲ့ဇနီးမငယ်လေးကိုလည်း “အစ်မ ကျွန်တော်ဒီကားကို ရုံအမြန်တင်နိုင်အောင်လုပ်မယ် တင်တဲ့အခါမှာလည်း ပရိသတ်စိတ်ဝင်စားအောင် ကျွန်တော်လုပ်ပြမယ် ..” ဆိုပြီးပြောခဲ့ပါသေးတယ်တဲ့..။

ခင်လှိုင်ရဲ့ ဇနီး မငယ်လေးကလည်း မင်းသွေးပြောခဲ့တဲ့ စကားကို ပြန်ပြောပြပြီး အမြဲငိုနေခဲ့တယ်ဆိုပြီးတော့လည်း မိုးပြည့်က ပြောပြထားသလို ချစ်သက်၊ ခင်လေးနွယ်၊ မိုးပြည့်၊ ဖူးစုံနဲ့ ခင်စန္ဒာမြင့်တို့ရဲ့ သတ်ကွင်းဇာတ်ကားနဲ့ မင်းသွေးအကြောင်းလေးကို ပြောပြထားတဲ့ သူမတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သတ်ကွင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။