ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) မှ ခါးပတ်နှစ်ခုပိုင်ရှင်ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။  

အောင်လအန်ဆန်းရဲ့ အောင်မြင်မှုတွေကတော့ ပြည်တွင်းဒေသအနှံ့အပြားသာမက ပြည်ပနိုင်ငံများစွာမှာလည်း ထင်ရှားလျှက်ရှိတာတွေ့ရပါတယ်။ အမိမြေဖွား ညီအကိုမောင်နှမများရဲ့ ချီးကြူးဂုဏ်ပြုမှုတွေသာမက နိုင်ငံခေါင်းဆောင်ကြီးများရဲ့ လေးစားခြင်းကိုလည်း ရရှိခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ အဆိုပါ လေးစားဂုဏ်ပြုမှုတွေထဲက ထူးထူးခြားခြားနဲ့ ကြီးကြီးမားမားဂုဏ်ပြုမှုကြီးတစ်ခုကတော့ မကြာသေးမီကပြုလုပ်ခဲ့တာတွေ့ရပါတယ်။ 

အဆိုပါ ဂုဏ်ပြုမှုကြီးကတော့ အောင်လအန်ဆန်းရဲ့ ရုပ်တုကြီးကို နောင်လာနောင်သားတွေအတုယူနိုင်စေရန် မှတ်ကြောက်တစ်ခုအဖြစ် စိုက်ထူခဲ့တာပဲဖြစ်ပါတယ်။ ၎င်းရုပ်တုကြီးကိုတော့ ကြေးဖြင့်ပြုလုပ်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Manau Park မှာ စိုက်ထူခဲ့ကြတာပဲဖြစ်ပါတယ်။ အဆိုပါ ရုပ်တုကြီးမှာတော့ အောင်လအန်ဆန်းရဲ့ One Championship (MMA ) ပြိုင်ပွဲခါးပတ်ရခုနှစ်တွေနဲ့အတူ ရေးသားပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၅ရက်နေ့ မနက်ဖြန်မှာ ဖွင့်လှစ်ဂုဏ်ပြုသွားမှာဖြစ်ကြောင်းသိရပါတယ်။ နိုင်ငံဂုဏ်ဆောင်အောင်လအန်ဆန်းရဲ့ ကြည်နူးစရာအောင်မှုမြင် အထိမ်းအမှတ်တွေထဲက ခမ်းခမ်းနားနားပြုလုပ်ခဲ့တဲ့ အဆိုပါ ရုပ်တုကြီးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Majoi Gintawng 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။