ဒီရက်ပိုင်းမှာ ပရိတ်သတ်တွေအတွက်စိတ်မကောင်းစရာသတင်းတစ်ခုကို ကြားမိကြမှာပါ။ ပရိတ်ကြီးရဲ့အချစ်တော် အဆိုတော် အောင်ရင်ရဲ့သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင်ဟာ ဒီဇင်ဘာလ(၁၂)ရက်နေ့မှာ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)နဲ့ အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ် နဲ့ နိုဝင်ဘာလ(၂၅) ရက်မှာ မြို့နယ်တရားရုံးရဲ့စီရင်ချက်အရ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)တို့နဲ့ ထောင်ဒဏ်(၅)နှစ် စုစုပေါင်း(၁၇) နှစ် ကျခံဖို့အမိန့်ချခံခဲ့ရပါတယ်။ ယင်းအမိန့်မှာ မိုးအောင်ရင်အတွက်အရမ်းပြင်းထန်လွန်းတာကြောင့် ပရိတ်သတ်တွေ အနုပညာရှင်တွေနဲ့ အမျိုးအဆွေတွေအားလုံး အရမ်းဝမ်းနည်းခဲ့ကြရပါတယ်။

ဒါကိုမခံစားနိုင်တော့တဲ့ မိုးအောင်ရင်ရဲ့ဦးလေးဖြစ်သူ ဦးကြွယ်က ဒီအမှုနဲ့ပတ်သတ်ပြီးမတရားသဖြင့်ခံရတယ်ဆိုပြီးပြောပြလာပါတယ်။ မိုးအောင်ရင်ကိုလာဖမ်းတဲ့အချိန်တုန်းက မိုးအောင်ရင်ကိုမတွေ့ဘဲ သူငယ်ချင်းနှစ်ယောက်ဆေးသုံးနေခဲ့သည်ကိုသာတွေ့ကြောင်း၊ နှစ်ယောက်ထဲမှ လူလူသန်းဆိုတဲ့တစ်ယောက်က လိုက်ပြ၍ ပုဇွန်တောင်မှာမိကြောင်း၊ မိပေမယ့် သူ့ဆီမှာဘာမှမတွေ့ခဲ့ဘဲ သူ့ကောင်မလေးအိမ်မှာသာ ice1gmခန့်ကိုသာတွေ့ရကြောင်း၊ ဒါကလည်းလာရောက်ရှာဖွေစဉ်ကတစ်ယောက်ယောက်ယူလာခဲ့ခြင်းလည်းဖြစ်နိုင်ကြောင်းဆိုထားပါတယ်။

မိုးအောင်ရင်ဟာ သူသုံးစွဲခဲ့ကြောင်းဝန်ခံခဲ့ပေမယ့် သူ့ရဲ့သူငယ်ချင်းဖြစ်သူ လူလူသန်းက ထောင်ဒဏ်(၃)နှစ် ကျန်တဲ့(၂)ဦးက (၁၂)နှစ်စီသာကျခံခဲ့ရတဲ့အတွက် မိုးအောင်ရင်ရဲ့ဦးလေးမှာ မကျေနပ်နိုင်ဖြစ်ကာ ရှာဖွေခဲ့ကြတဲ့ အသေးစိတ်လူအမည်စာရင်းနဲ့အတူ နိုင်ငံတော်အကြီးအကဲများ သက်ဆိုင်ရာလူကြီးမင်းများထံတရားဝင်တိုင်ကြားသွားမည်ဖြစ်ကြောင်းကိုလည်း သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ... မိုးအောင်ရင်တစ်ယောက်ကံကောင်းပါစေလို့ ဝိုင်းဆုတောင်းပေးလိုက်ကြပါအုန်းနော်....

Source : Zarni Kywe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။