လက်ရှိ မြန်မာ့ရိုးရာအကအလှတွေကို ပြည်တွင်းရှိ အခြေခံပညာကျောင်းများစွာမှာ သင်ကြားမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့ရိုးရာအကအလှတွေကို တန်ဖိုးထားတက်စေရန်နှင့် မပျောက်ပျက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အဓိကအချက်ဖြင့်တဲ့ မျိုးဆက်သစ်လူငယ်တွေကို ဖြန့်ဝေခြင်းကတော့ လက်တလောမှာပိုမိုလုပ်ဆောင်လျှက်ရှိတာပဲဖြစ်ပါတယ်။  

အဆိုပါ မြန်မာ့ရိုးရာအကအလှတွေထဲက ဒိုးပတ်သံသီချင်းလေးနဲ့ ဒိုးပတ်ယိမ်းအကကို ညီညီညာညာ လေ့ကျင့်ကပြခဲ့တဲ့ မြန်မာ့ကျောင်းသားလူငယ်အချို့ရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းဗီဒီယိုဖိုင်လေးကတော့ လက်တလော ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိပြီး ပြည်တွင်း ပြည်ပကြည့်ရှု့သူ သန်းချီရှိခဲ့တာပဲဖြစ်ပါတယ်။  

လေးစားစရာမြန်မာ့ရိုးရာအကအလှတွေကို ပြည်ပနိုင်ငံအနှံ့အပြားက လေ့လာသင်ယူလျှက်ရှိပြီး တန်ဖိုးမြင့်မားတဲ့ အဖိုးတန်ရတနာတွေပဲဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့မြန်မာ့ ကျောင်းသားလူငယ်အချို့ရဲ့ ဒိုးပတ်ယိမ်းအကဖျော်ဖြေမှု ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Video - ကျောင်းလွယ်အိတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။