ချစ်ရတဲ့ ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး နန်းခင်ဇေယျာရဲ့ 'NONSTOP' ဆိုတဲ့ DVD Karaoke လေးကတော့ မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်ပြီး ပရိသတ်တွေရဲ့ ရှေ့ကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်..။

အမိုက်စားပုံစံအသစ်လေးတွေနဲ့ ပုံဖော်ထားတဲ့ နန်းခင်ရဲ့ သီချင်းဗီဒီယိုကတော့ မထွက်ရှိခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပြီး ရေပန်းစားနေတာလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း သူမရဲ့ 'NONSTOP' DVD Karaoke သီချင်းခွေထဲက “အိမ်ပြန်ချိန် အရွာတိတ်ပါမိုး” ဆိုတဲ့ အမိုက်စား သီချင်းအမြည်းလေးကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါသေးတယ်..။

အဲ့ဒီသီချင်းလေးကိုတော့ မော်လ်ဒယ်မင်းသားချောလေး ထူးအောင်နဲ့အတူ အမိုက်စားရိုက်ကူးထားတာဖြစ်ပြီး ခပ်ကြမ်းကြမ်းရိုက်ကူးပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေပြီး နာရီပိုင်းအတွင်းမှာပဲ ကြည်ရှု့သူများပြားနေတာလည်း တွေ့ရပါတယ်..။

အဆိုတော်သရုပ်ဆောင် အလှမယ် မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားပြီး အဆိုပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူလေးဆိုလည်း မမှားပါဘူး..။

အခုတစ်ခါမှာတော့ ထူးအောင်နဲ့အတူ အကြမ်းစားရိုက်ကူးသရုပ်ဆောင်ထားတဲ့ နန်းခင်လေးရဲ့ သီချင်းဗီဒီယိုအမြည်းလေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းခင်ဇေယျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။