ဆက်ကျော်သက်အရွယ်မှာ ရင့်ကျက်မှုဆိုတဲ့ အဓိပ္ပါယ်နဲ့ပက်သက်ပြီး အဖြေအမျိုးမျိုး ရှိပါတယ်။ သေချာတဲ့အဖြေကတော့ ရင့်ကျက်တယ်ဆိုတာ သူများဘက်ကမြင်အောင်ကြည့်ပေးတာပဲဖြစ်ပါတယ်။ ဒီလိုသူများဘက်ကိုကြည့်ပေးတဲ့ စိတ်ဓာတ်ကလေးကိုမွေးနိုင်ရင် အရာရာကိုအောင်နိုင်ပါတယ်။ရင့်ကျက်မှုနဲ့ပက်သက်ပြီး အရည်အချင်းနဲ့ အလုပ်ကိုချစ်တဲ့တဲ့စိတ် ဆိုတဲ့ ခေါင်းစဉ်နှစ်မျိုးကို ပရိသတ်ကြီးအတွက်ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

အရည်အချင်း

အရည်အချင်းလို့ ပြောရင် ပညာကို အဓိက ပြေးမြင် တတ်ကြတယ်။ ပညာလည်း ပါတာတော့ အမှန်ဘဲ။ အတန်းပညာနဲ့ လုပ်ငန်းခွင် အတွေ့အကြုံဆိုပြီး နှစ်ခုစလုံး လုပ်ငန်းသဘော ဘဘာဝအရ အချိုးအစားတစ်ခုနဲ့ ရှိနေရမှာတော့ အမှန်ပဲ။ဒါပေမဲ့ အလုပ်တစ်ခုရဖို့ အရည်အချင်းက ပညာချည်းပဲတော့ မဟုတ်ဘူး။

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ သုံးခုစလုံး လိုတယ် ။ဒါတောင် ပညာက နောက်ဆုံးမှာ လာတာ။ မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေထဲမှာလည်း စိတ်ကောင်းရှိဖို့က ပထမ ဆိုတာပါတတ်ပါတယ်။

ရိုးသားမှု ဟာလည်း အလုပ်လုပ်ဖို့ မရှိမဖြစ်လိုတဲ့ အရည်အချင်း တစ်ခုဘဲ။တစ်ခါတလေကျတော့ ဘွဲ့လတ်မှတ်ကြီးတွေ ထုတ်ပြပြီး သက်သေထူရတဲ့ အတန်းပညာထက်ကို အဲ့သလို အရည်အချင်းတွေက ပိုအရေးပါတတ်တဲ့ အခါတွေ အများကြီးရှိနေတယ်။

အလုပ်ကို ချစ်မှ

ဒီအလုပ် ဒီprofessional ကိုနှစ်ရှည်လများ လုပ်သွားဖို့ ကိုယ်တကယ် ဆုံးဖြတ်နိုင်ပြီလား။ဘယ်လုပ်ငန်းခွင်မှာမဆို မြင့်မြင့် တတ်ချင်ရင် အချိန်ကြာကြာလိုမှာ မလွဲမသွေဘဲ အဲ့ဒီတော့ လုပ်ငန်းအမျိုးအစား မတူတဲ့ အလုပ်တွေကို ခဏခဏ ခုန်ကူးနေတတ်တဲ့ လူငယ်တစ်ယေညက်ဟာ အသက်ကြီးလို့သာ လူရွယ် လူလတ်ဖြစ်လာမယ်။လူကြီးဖြစ်လာမယ်။ ခေါင်းဆောင်ပိုင်းကို ရောက်မလာတတ်ဘူး။ဒီတော့ အရင်ဆုံးဖြတ်။ ဒီအလုပ်ကို ကိုယ်ချစ်နိုင်သလား။

ဒီနေရာမှာ positive mind လို့ခေါ်တဲ့ အကောင်းမြင်စိတ် လည်း နည်းနည်းလိုပါတယ်။ဘယ်အလုပ်ပဲ ဖြစ်ဖြစ် စလုပ်ခါစမှာလေ့လာစရာကများ၊ ကြိုးစားရတာကများ၊ Adjustment လို့ခေါ်တဲ့ညှိနှိုင်းရတာတွေကလည်းများ ။social life လို့ခေါ်တဲ့ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်ကိုပါ ပြင်ပေးရတာမျိုးတွေ ရှောင်လွှဲလို့မရတာတွေလည်းရှိကြတာဘဲ။ ဒါကို အဆိုးမြင်စိတ်နဲ့ ဒီအလုပ်မှာ ငါမပျော်ဘူးလို့ လွယ်လွယ်ဆုံးဖြတ်ပြီး ပြောင်းလိုက်ရင် နောက်အလုပ် ချက်ချင်းရခဲ့ရင်တောင် ကိုယ့်ခံစားချက်က ပြောင်းမသွားတာ သတိထားမိလိမ့်မယ် ဒီတော့ အကောင်းမြင်စိတ်ကလေးထား။

ပင်ပန်းတာတွေ၊ အဆူခံရတာတွေ၊ အိပ်ရေး ပျက်တာတွေ ထမင်းမစားရတာတွေ ဘေးကိုဖယ်ထားလိုက်။ ဒါမျိုးတွေက ဘယ်အလုပ်မှာမဆို ကြုံမှာဘဲ။ အဓိက စဉ်းစားရမှာက ဒီအလုပ်ကနေ ကိုယ်ဘာရနိုင်မလဲ ဆိုတာရယ်။ ပြီးတော့ မပျက်မကွက် ထည့်စဉ်းစားရမှာက ဒီအလုပ်ကနေ ကိုယ်အများကို ဘာလုပ်ပေးနိုင်မလဲဆိုတာပါ။

Source: ဆရာလကာင်္ရည်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။