အသံပါဝါအားကောင်းလွန်းတဲ့ အဆိုတော် နီနီခင်ဇော် ဆိုရင် ၂၀၀၈ခုနှစ် "သံစဉ်များနဲ့ ကမ္ဘာ" သီချင်းဆိုပြိုင်ပွဲမှာ Winnerဆု ရရှိခဲ့တဲ့ "ရန်သူ" သီချင်းလေးကို အမိုက်စားကပြသီဆိုခဲ့တဲ့ သူမပုံရိပ်တွေကို မမေ့လောက်ပါဘူးနော်။ ကိုယ်ခန္ဓာအချိုးအစားလှပပြီး မျက်နာကျက မြန်မာဆန်လွန်းလို့ သူမရဲ့ မတူ တမူထူးခြားတဲ့ အလှကို သတိထားမိကြမှာပါ။ သူမရဲ့ ပထမဆုံး သီချင်း Album ဖြစ်တဲ့ "Mario"သီချင်းခွေလေးဟာလည်း ပရိသတ်တွေကြားမှာ အပုဒ်တိုင်းစေ့ အောင်မြင်ရေပန်းစားခဲ့သလို နောက်ထပ်ဒုတိယ Albumဖြစ်တဲ့ "Super Red"သီချင်းခွေမှာတော့ သီချင်းလေးနဲ့ အတူ သူမရဲ့ ကိုယ်ပိုင် Brandဖြစ်တဲ့ Super Red Cosmeticsလေးကိုပါ မွေးဖွားခဲ့ပါတယ်။

နောက်ထပ် mini Albumလေးတွေ ဖြစ်တဲ့ "ဂယ်ပဲ ဂယ်ပဲ" "Good Kisser " နဲ့ " ချစ်လျက်လမ်းခွဲ" သီချင်းလေးတွေဟာလည်း Mtvလေးထွက်ရှိလာတိုင်း ပရိသတ်တွေကြိုက်နှစ်သက် ခဲ့ရသလို အလွမ်းဆိုလဲ အလွမ်း၊ အမြူးဓာတ် ဆိုလဲ အမြူး ရသမျိုးလေးတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ နီနီဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ Sea Game ပြိုင်ပွဲကစလို့ နိုင်ငံတကာကိုယ်စားပြု အဆိုတော် တစ်ဦးအနေနဲ့ ဆုတွေကိုပါ ရယူပေးခဲ့ပြီး သံတမတ်တစ်ဦး အဖြစ်ပါ ခန့်အပ်ခံရဖူးသလို လာမဲ့ Sea game ပြိုင်ပွဲမှာလည်း သီချင်းသီဆိုမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လကပဲ သူမရဲ့ အသက်(၂၈)နှစ်ပြည့်ခဲ့ပြီးဖြစ်သလို လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ မန္တလေးကို ပွဲတစ်ခုအတွက် ရောက်ရှိနေသလို လွမ်းမောစရာကောင်းလွန်လှတဲ့ မန္တလေးမြို့ကြီးရဲ့ အလှတရားကို လည်ပတ်ရင်း ပြန်လည်ခံစားခဲ့ပါတယ်။ မန္တလေးရဲ့ အသည်းနှလုံးဖြစ်တဲ့ မန္တလေးကျုံးရဲ့ အလှတရားတွေနဲ့အတူ မန္တလေးကို ချစ်တဲ့ အကြောင်းတွေ ဖွင့်ဆိုရင်း " ကျုံးဘေးမှာ အရမ်းကိုသာယာသန့်ရှင်းနေတာပဲ ၊ အရင်ကထက်ပိုလှ ပိုကျက်သရေရှိသွားပြီ မန္တလေးရယ်" လို့ ချီးကျူးစကားလည်း ဆိုထားပါသေးတယ်။

Source: Nini Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။