ဆန် ဆိုတာ မြန်မာနိုင်ငံရဲ့ အဓိကအားထားရတဲ့ အစားအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဆန် မှာဆိုရင် အာဟာရဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် စားသုံးသူတွေကို ကောင်းကျိုးတွေများစွာပေးနိုင်ပါတယ်။ ပရိတ်သတ်တွေသိကြတဲ့ အတိုင်း ဆန် တင်မက ဆန်ဆေးရည်၊ ထမင်းရည်တွေက အစ ဘယ်လောက် အသုံးဝင်တယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် က ဆန်ဆေးရည်က အလှအပ အတွက် ဘယ်လောက်တောင် အသုံးဝင်တယ်ဆိုတာကို ပြောပြခဲ့ပြီပါပြီ။ ယခုတစ်ခေါက်မှာတော့ ပရိတ်သတ်တွေ သိချင်နေတဲ့ ထမင်းရည်သောက်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်တယ် ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ယခုခေတ်မှာတော့ လူသားတွေရဲ့ နေထိုင်မှု ပုံစံ တွေဟာတဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာကြောင့် ယခင်က လို ထမင်းကို ငဲှ့ မချက်ကြတော့ပါဘူး။ အိမ်တိုင်းလိုလိုမှာ ထမင်းပေါင်းအိုးတွေရှိတာကြောင့် ထမင်းရည် သောက်တဲ့ သူကလည်း အရမ်းကို ရှားသွားပါပြီ။ ဒါပေမဲ့လည်း ထမင်းရည်ကို ယခုအချိန်ထိ နေ့စဉ်ပုံမှန် သောက်နေတဲ့ သူတွေ အတွက် ထမင်းရည်သောက်ခြင်းက ဘယ်လိုကောင်းကျိုးတွေရရှိနိုင်တယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။



(၁) ပရိတ်သတ်တွေ ထင်ကြတဲ့ အတိုင်း ထမင်းစားခြင်းကြောင့် ထမင်းရရှိတဲ့ အာဟာရဓာတ်တွေကို အကုန်မရရှိနိုင်ပါတယ်။ ဆန်မှာပါဝင်တဲ့ အာဟာရဓာတ် ၇၀% လောက်က ထမင်းရည်ထဲမှာ ပါဝင်တာဖြစ်ပါတယ်။ ထိုကြောင့် မနက်အိပ်ယာနိုးတဲ့ အချိန်မှာ ထမင်းရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အားအင်တွေကို ဖြည့်တင်းပေးပြီး တစ်နေ့ကုန် အားအင်ပြည့်စွာနဲ့ အလုပ်တွေကို ကောင်းမွန်စွာလုပ်ကိုင်နိုင်မှာပါ။

(၂) ထမင်းရည်သောက်ခြင်းဟာ အစာအိမ်ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်ပြီ အူမှာဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၃) ထမင်းရည်ကို ပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းက အပူချိန်ကို ထိန်းညိုပေးပြီးနိုင်တာကြောင့် ဖျားနာသူတွေ အတွက်တော့ အသင့်လျော်ဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။

(၄) ထမင်းရည်ကို ပုံမှန်သောက်တဲ့ လူတစ်ယောက်အတွက်ကတော့ လူတိုင်းကြောက်နေကြတဲ့ ကင်ဆာရောဂါကို ကြောက်စရာလုံးဝ မလိုပါဘူး။ ကင်ဆာရောဂါ သမားတွေ အတွက် ထမင်းရည်ဟာ ပုံမှန်သောက်ပေးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

(၅) ထမင်းရည်ကို ပုံမှန်သောက်မယ်ဆိုရင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်လို့ ဝမ်းသွားရခက်စေတဲ့ ကိစ္စတွေ ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။

(၆) အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကိုလည်း မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ် ပရိတ်သတ်ကြီးရေ..။

(၇) နောက်ဆုံး တစ်ချက်ကတော့ ပျိုမေတွေ အကြိုက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်ဆိုတော့ ထမင်းရည်ပုံမှန်သောက်တဲ့ သူတွေက နေရောင်ခြည်က ထွက်လာတဲ့ အသားအရေကို ပျက်စီးစေတဲ့ ဆိုးရွားတဲ့ UV ခေါ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတာကြောင့် နေ့စဉ်ပုံမှန်သောက်သင့်တဲ့ အရာတစ်ခုပါပဲနော်။

ပြုလုပ်ပုံ

ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ပရိတ်သတ်တွေ အတွက် ထမင်းရည်ရအောင် ရေကို ပုံမှန်ထက် နှစ်ခွက်လောက်ပိုထည့်ပြီး ကျက်တဲ့အခါပိုနေတဲ့ အရည်ကြည်လေးကို ယူလိုက်ရင် ပရိတ်သတ်တွေ လိုချင်တဲ့ ထမင်းရည်ကို ရပါပြီနော်။

ကျန်းမာရေး ပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ပရိတ်သတ်ကြီးရေ..။

Source:www.boldsky.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။