ကမ္ဘာကျော် Hollywood သရုပ်ဆောင်ဖြစ်ကြတဲ့ Brad Pitt နဲ့ Angelina Jolie တို့ဟာ 2016 မှာကွာရှင်းခဲ့ပြီး ကလေး၆ယောက်ရှိပါတယ်။ Pitt ရဲ့အသက်ဟာ ၅၄နှစ်ရှိပြီး Jolie အသက်ဟာဆိုရင်တော့ဖြင့် ၄၃နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ဟာခုချိန်မှာတော့ သူတို့ကလေးတွေကိုမွေးစားရန် နှစ်ဖက်အပြန်အလှန် စစ်ဖြစ်နေကြပါတယ်။

Pitt ဟာ သူသားနှစ်ယောက်ဖြစ်တဲ့ Maddox, 17 နဲ့ Pax, 15 နဲ့အဆင်မပြေပေမဲ့ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်တော့မှပြန်မပြင်တော့ဘူးဆိုတာကိုတော့လက်ခံထားပါတယ်။ Angelina Jolie မှာဘာမှတောင်းဆိုပိုင်းခွင့် မရှိဘူးလို့ အတွင်းလူတစ်ယောက်က ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Mr. & Ms. Smith ဆိုတဲ့ကားရိုက်ရင်ချစ်ကျွမ်းဝင်ခဲ့ကြပြီး လက်ထပ်ခဲကြတာပဲဖြစ်ပါတယ်။

၂၀၁၆ မှာတော့ကွာရှင်းခဲ့ကြပြီး ယနေ့တိုင် ကလေးတွေအုပ်ထိန်းဖို့ ထိပ်တိုက်ရင်ဆိုင်နေကြရစဲပါ။ အများလူကတော့သူတို့ကို ပြန်အဆင်ပြေချင်ကြပေမဲံ့ သူတို့နှစ်ယောက်ဟာတော့ ဘယ်တော့မှ အဆင်ပြန်မပြေတော့ပါဘူးလို့ပြောနေခဲ့ကြကာ ကလေးကိစ္စကိုပဲ ထိပ်တိုက်ရင်ဆိုင်နေကြပါတယ်။ ပရိတ်သတ်ကြီးရော သူတိုကို ဘယ်လိုပြန်ဖြစ်စေချင်ပါသလဲ....။

Source : Us Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။