ပရိသတ်ကြီးရေ.. Myanmar Idol Season - 3 က ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဖြိုးမြတ်အောင်နဲ့ စွမ်းပြည့်အောင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ပရိသတ်တွေကို အခွီဗီဒီယိုဖိုင်လေးနဲ့ အချစ်ပိုအောင် လုပ်လိုက်ပြန်ပါပြီ..။

သူငယ်ချင်းနှစ်ယောက်အတူ ဆုံတုန်း အပျင်းပြေလေးရိုက်ကူး ဆော့ကစားထားကြတဲ့ Tik Tok အခွီဗီဒီယိုလေးနဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောသွားအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်..။

သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အခွီဗီဒီယိုလေးကတော့ ပရိသတ်တွေကြားရေပန်းစားနေတဲ့ နာမည်ကျော်မင်းသားကြီး ဝင်းဦးရဲ့ ပုံစံအမူအရာလေးနဲ့ အခွီဗီဒီယိုလေးရိုက်ကူးထားတာပါ..။

ဖြိုးမြတ်အောင်နဲ့ စွမ်းပြည့်အောင်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ Tik Tok အခွီဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသလို လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

ပရိသတ်တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အမိုက်သားသရုပ်ဆောင်စွမ်းရည်တွေကို ထုတ်ပြထားတဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း အားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စွမ်းပြည့်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။