ချစ်ပရိသတ်ကြီးရေ.. ပရိသတ်အချစ်တော် အဆိုတော်ဆယ်လီ စုံတွဲလေးတွေထဲမှာ G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲလေးကတော့ လိုက်ဖက်ညီပြီး တကယ်ကို အားကျစရာကောင်းလွန်းတဲ့ စုံတွဲလေးပါပဲ..။

အနုပညာလမ်းကြောင်းမှာ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ သူတို့စုံတွဲလေးဟာ အခုခါမှာလည်း G-Fatt တစ်ယောက် Shwe FM ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားလေးမှာ သူရဲ့ သီချင်းလေးဟာ ပရိသတ်တောင်းဆိုမှု အများဆုံးဆုကို ရရှိခဲ့ပြန်ပါတယ်..။

သူတို့ချစ်သူစုံတွဲလေးရဲ့ အမှတ်တရတွေကို စုစည်းထားတဲ့ အဓိပ္ပာယ်ရှိလွန်းပြီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ G-Fatt "အကယ်၍လက်ထပ်ကြတဲ့အခါ" ဆိုတဲ့ သီချင်းလေးနဲ့ တစ်နှစ်တာအတွင်း ပရိသတ်တောင်းဆိုမှု အများဆုံးဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်..။

Shwe FM 9th Anniversary လေးမှာ သူတို့စုံတွဲလေးရဲ့ သီချင်းလေးနဲ့ ချစ်သူ G-Fatt ဆုရရှိခဲ့တဲ့ အောင်မြင်မှုအတွက် နန်းဆုလေးတစ်ယောက် မျက်ရည်ဝဲလောက်တဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့ရတာ တွေ့ရပါတယ်..။

နန်းဆုကတော့ ဝမ်းသာပီတိလေးတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း "အကယ်၍လက်ထပ်ကြတဲ့အခါ သီချင်းနဲ့ ရတဲ့ ပရိသတ်အတောင်းအများဆုံးဆု

ပျော်လို့သေတော့မယ်.." ဆိုပြီးတော့လည်း သူမရဲ့ အပျော်လေးတွေကို ချစ်ရတဲ့ ပရိသတ်ကြီးတွေအတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်..။

သူမရဲ့ အဲဒီဗီဒီယိုဖိုင် ပို့စ်လေးအောက်မှာတော့ G- Fatt က "မကြီး ဆီက ရတဲ့ အကြောင်းအရာ.." လို့ Comment လေးပေး ဝင်ရောက် ရေးသားထားသလို "G Fatt ရတဲ့ရွှေတဝက်ပေးပါ.." ဆိုပြီးတော့လည်း နန်းဆုလေးကလည်း ပြန်လည် စနောက်ထားပါသေးတယ်နော်..။

တစ်ယောက်ကို တစ်ယောက် ဖေးမမှုလေးတွေနဲ့ တစ်ယောက်ဝမ်းနည်းရင် တစ်ယောက်ကပါ စိတ်မကောင်းဖြစ်ရသလို တစ်ယောက်အောင်မြင်ပျော်ရွှင်ရပြန်တော့လည်း တစ်ယောက်ဝမ်းသာနေကြတဲ့ သူတို့ စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေက တကယ်ကို အားမကျပဲ မနေနိုင်အောင်ပါပဲနော်..။

Photo - နန်းဆု၊ Wai Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။