ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးကတော့ ပြည်သူတွေချစ်ကြတဲ့ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်နေတဲ့နေတိုးက အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ဆိုလည်း မမှားပါဘူး ။ လတ်တလောမှာတော့ နေတိုးက ရုပ်ရှင်ဇာတ်ကားသစ်တွေ ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Shwe FM ၉နှစ်ပြည့် ဆုပေးပွဲမှာတော့ နေတိုးအနေနဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသံရှင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ''လရောင်ချော့တေး'' ဆိုတဲ့ သီချင်းလေးကတော့ ပရိသတ်တွေကြားမှာ လူကြိုက်များနေတဲ့ သီချင်းလေးဖြစ်သလို ညီလေးငယ် မင်းသွေးရဲ့အဖြစ်နဲ့လည်း တိုက်ဆိုင်နေတာကြောင့်အရမ်းကိုရေပန်းစားနေတဲ့ သီချင်းလေး ဖြစ်ပါတယ် ။ ဒီသီချင်းလေးကိုတော့ နေတိုးက ''လရောင်ဖြာတဲ့အင်းလေးမှာ '' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာ သီဆိုခဲ့တာ ဖြစ်ပါတယ် ။

ဒီဇင်ဘာလ ၁၄ရက်နေ့က ရွှေထွဋ်တင်ဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာတော့ နေတိုးအနေနဲ့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဆုကိုတော့ နေတိုးကိုယ်စား အခြားတစ်ယောက်က ကိုယ်စားဆုတက်ယူပေးခဲ့တာ တွေ့ရပါတယ်။ နေတိုးကလည်း ဆုမယူနိုင်ခဲ့ပေမယ့် ကိုယ်တိုင်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့ လရောင်ချော့တေးသီချင်းလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

Source: Nay Toe & Shwe FM ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။