နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေဆဲ ဖြစ်တဲ့ Shwe FM ရဲ့ Anniversary အထိမ်းအမှတ် ဆုပေးပွဲကြီးကတော့ ဒီနှစ်မှာ (၉) နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အရင်နှစ်ကနဲ့မတူတဲ့ ပြင်ဆင်မှုတွေနဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ ဆုပေးပွဲကီးကိုတော့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေနဲ့ အဆိုတော်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Shwe FM 9th Anniversary Achievement Awards For 2018 '' ပွဲကြီးကိုတော့ ရွှေထွဋ်တင်ဝင်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲကြီးမှာ တစ်နှစ်တာလုံးအတွက် အကောင်းဆုံးဆုရရှိသူတွေကို ကြေညာပြီး ဆုချီးမြှင့်ခဲ့သလို နာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း များစွာပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အမိုက်စား ၊အလန်းစားဖက်ရှင်တွေနဲ့ ကိုယ်စီတက်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ပုံရိပ်တွေလည်း တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေတာ တွေ့ရပါတယ်။ 

ဒိတ်ဒိတ်ကြဲအဆိုတော်တွေ ကိုယ်တိုင်ပါဝင်သီဆိုဖျော်ဖြေပေးခဲ့ပြီး ဆုရရှိတဲ့ တက်သစ်စလူငယ်တွေကိုလည်း ဝါရင့်အဆိုတော်ကြီးတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ အဆိုတော်တွေအပြင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပိုင်တံခွန် ၊မင်းဦး၊ဟိန်းဝေယံ၊အိချောပိုစတဲ့ အနုပညာရှင်တွေလည်း တက်ရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Shwe FM ပွဲတက် အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: ZarNiMyoNyunt, WaiMinMaung & EiChawPo;

Photo:Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။